4. သို့ဖြစ်၍ သင်တို့ခံရသော ညှဉ်းဆဲခြင်းနှင့်ဒုက္ခဆင်းရဲခြင်းရှိသမျှတို့၌ထင်ရှားသော သင်တို့၏သည်းခံခြင်းနှင့် ယုံကြည်ခြင်းတို့အတွက် ငါတို့ကိုယ်တိုင် ဘုရားသခင်၏အသင်းတော်များတွင် သင်တို့အကြောင်းကို ဝါကြွားကြ၏။
5. ဤသည်ကား ဘုရားသခင်၏နိုင်ငံတော်အတွက် ဒုက္ခဝေဒနာခံစားရသောသင်တို့ကို ထိုနိုင်ငံတော်နှင့်ထိုက်တန်သောသူဖြစ်စေရန် စီရင်တော်မူသော ဘုရားသခင်၏ဖြောင့်မတ်သည့်တရားစီရင်ခြင်းကို ထင်ရှားစေသောအထောက်အထားဖြစ်၏။
6. သခင်ယေရှုသည် မီးလျှံထဲ၌ မိမိ၏တန်ခိုးကြီးသောကောင်းကင်တမန်များနှင့်အတူ မိုးကောင်းကင်မှပေါ်ထွန်းတော်မူသောအခါ သင်တို့ကို ဆင်းရဲဒုက္ခရောက်စေသောသူတို့အား ဆင်းရဲဒုက္ခကိုလည်းကောင်း၊
7. ဆင်းရဲဒုက္ခခံရသောသင်တို့အား ငါတို့နှင့်အတူသက်သာခွင့်ကိုလည်းကောင်း ပြန်၍ခံစားစေမည့်အမှုသည် ဘုရားသခင်ရှေ့တော်၌ အမှန်ပင်တရားမျှတသောအမှုဖြစ်၏။