ရှင်​လု​ကာ​ခ​ရစ်​ဝင် 8:50-53 Myanmar Standard Bible (MSB)

50. ယေ​ရှု​သည်​ကြား​လျှင် “မ​စိုး​ရိမ်​နှင့်။ ယုံ​ကြည်​ခြင်း​သာ​ရှိ​လော့။ သို့​ပြု​လျှင် သူ​ငယ်​မ​သည် အ​ကောင်း​ပ​က​တိ​ဖြစ်​လိမ့်​မည်”​ဟု ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တာ​ဝန်​ခံ​အား မိန့်​တော်​မူ​၏။

51. ထို့​နောက် အိမ်​သို့​ရောက်​သော​အ​ခါ ကိုယ်​တော်​သည် ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​နှင့် သူ​ငယ်​မ​၏​မိ​ခင်​ဖ​ခင်​တို့​မှ​တစ်​ပါး မည်​သူ့​ကို​မျှ မိ​မိ​နှင့်​အ​တူ အိမ်​ထဲ​သို့​ဝင်​ခွင့်​ပြု​တော်​မ​မူ။

52. လူ​အ​ပေါင်း​တို့​သည် သူ​ငယ်​မ​အ​တွက် ရင်​ဘတ်​စည်​တီး​လျက်​ငို​ကြွေး​နေ​ကြ​၏။ ကိုယ်​တော်​က​လည်း “မ​ငို​ကြွေး​ကြ​နှင့်။ သူ​ငယ်​မ​သည် သေ​သည်​မ​ဟုတ်။ အိပ်​ပျော်​နေ​ခြင်း​သာ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​ရာ

53. သူ​တို့​သည် သူ​ငယ်​မ သေ​ဆုံး​ပြီ​ဖြစ်​ကြောင်း သိ​ကြ​သည်​ဖြစ်​၍ ကိုယ်​တော်​ကို​လှောင်​ပြောင်​ရယ်​မော​ကြ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 8