ရှင်​လု​ကာ​ခ​ရစ်​ဝင် 7:3-7 Myanmar Standard Bible (MSB)

3. ထို​တပ်​မှူး​သည် ယေ​ရှု​၏​သ​တင်း​ကို​ကြား​သော​အ​ခါ ဂျူး​လူ​မျိုး​တို့​၏​သက်​ကြီး​ဝါ​ကြီး​များ​ကို ကိုယ်​တော်​ထံ​သို့​စေ​လွှတ်​ကာ ကြွ​လာ​၍ သူ့​အ​စေ​အ​ပါး​ကို ကျန်း​မာ​စေ​တော်​မူ​မည့်​အ​ကြောင်း လျှောက်​စေ​၏။

4. သူ​တို့​သည် ယေ​ရှု​ထံ​သို့​ရောက်​လာ​၍ “သူ့​အ​တွက် ဤ​အ​ရာ​ကို ကိုယ်​တော်​ပြု​လုပ်​ပေး​ထိုက်​ပါ​သည်။

5. အ​ကြောင်း​မူ​ကား သူ​သည် အ​ကျွန်ုပ်​တို့​လူ​မျိုး​ကို​ချစ်​၍ အ​ကျွန်ုပ်​တို့​အ​တွက် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​ကို​ဆောက်​ပေး​ခဲ့​ပါ​သည်”​ဟု ဆို​လျက် ကိုယ်​တော်​ကို အ​လေး​အ​နက်​တောင်း​ပန်​ကြ​၏။

6. ထို​အ​ခါ ယေ​ရှု​သည် ထို​သူ​တို့​နှင့်​အ​တူ​ကြွ​တော်​မူ​၏။ တပ်​မှူး​၏​အိမ်​နှင့် မ​ဝေး​လှ​သော​နေ​ရာ​သို့​ရောက်​တော်​မူ​သော​အ​ခါ တပ်​မှူး​သည် မိတ်​ဆွေ​များ​ကို​စေ​လွှတ်​၍ “သ​ခင်​ဘု​ရား၊ အ​ပင်​ပန်း​ခံ​တော်​မ​မူ​ပါ​နှင့်။ အ​ကြောင်း​မူ​ကား အ​ကျွန်ုပ်​၏​အိမ်​ခေါင်​မိုး​အောက်​သို့ ကိုယ်​တော်​ကြွ​ဝင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​ကျွန်ုပ်​မ​ခံ​ထိုက်​ပါ။

7. ထို့​ကြောင့် အ​ကျွန်ုပ်​ကိုယ်​တိုင်​သည်​လည်း ကိုယ်​တော်​ထံ​သို့​မ​လာ​ထိုက်​ပါ​ဟု​မှတ်​ယူ​ပါ​သည်။ အ​မိန့်​တော်​ကို​သာ ပေး​တော်​မူ​ပါ။ သို့​ပြု​လျှင် အ​ကျွန်ုပ်​၏​ငယ်​သား​သည် ကျန်း​မာ​ပါ​လိမ့်​မည်။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 7