ရှင်​လု​ကာ​ခ​ရစ်​ဝင် 7:15-20 Myanmar Standard Bible (MSB)

15. သေ​သော​သူ​သည် ထ​ထိုင်​ပြီး စ​ကား​ပြော​လေ​၏။ ကိုယ်​တော်​သည်​လည်း သူ့​ကို သူ့​မိ​ခင်​ထံ​ပြန်​အပ်​တော်​မူ​၏။

16. လူ​တို့​သည်​ထိတ်​လန့်​အံ့​ဩ​လျက် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကာ “ပ​ရော​ဖက်​ကြီး​တစ်​ပါး​သည် ငါ​တို့​တွင် ပေါ်​ထွန်း​လေ​ပြီ”​ဟူ​၍​လည်း​ကောင်း၊ “ဘု​ရား​သ​ခင်​သည် မိ​မိ​လူ​မျိုး​တော်​ကို​အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​ပြီ”​ဟူ​၍​လည်း​ကောင်း ပြော​ဆို​ကြ​၏။

17. ကိုယ်​တော်​၏​သ​တင်း​သည်​လည်း ယု​ဒ​နယ်​တစ်​လျှောက်​လုံး​နှင့် ပတ်​ဝန်း​ကျင်​တစ်​ခု​လုံး​သို့ ပျံ့​နှံ့​သွား​လေ​၏။

18. ယော​ဟန်​၏​တ​ပည့်​များ​သည် ဤ​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို ယော​ဟန်​အား ပြော​ပြ​ကြ​၏။ ထို​အ​ခါ ယော​ဟန်​သည် မိ​မိ​တ​ပည့်​နှစ်​ဦး​ကို​ခေါ်​၍

19. သ​ခင်​ဘု​ရား​ထံ​သို့​စေ​လွှတ်​ကာ “ကိုယ်​တော်​သည် ကြွ​လာ​တော်​မူ​သော​အ​ရှင်​ဖြစ်​ပါ​သ​လော။ သို့​မ​ဟုတ် အ​ခြား​သော​သူ​ကို စောင့်​မျှော်​ရ​ပါ​မည်​လော”​ဟု မေး​လျှောက်​စေ​၏။

20. သူ​တို့​သည် ကိုယ်​တော်​ထံ​သို့​ရောက်​လာ​ကြ​သော​အ​ခါ “ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် အ​ကျွန်ုပ်​တို့​ကို ကိုယ်​တော့်​ထံ​သို့​စေ​လွှတ်​၍ ‘ကိုယ်​တော်​သည် ကြွ​လာ​တော်​မူ​သော​အ​ရှင်​ဖြစ်​ပါ​သ​လော။ သို့​မ​ဟုတ် အ​ခြား​သော​သူ​ကို စောင့်​မျှော်​ရ​ပါ​မည်​လော’​ဟု မေး​လျှောက်​စေ​ပါ​သည်”​ဟူ​၍ လျှောက်​ထား​ကြ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 7