22. လူအပေါင်းတို့သည် ကိုယ်တော်ကိုချီးကျူးကြပြီး ကိုယ်တော်၏တင့်တယ်သော နှုတ်ထွက်စကားတို့ကို အံ့သြလျက် “ဤသူသည် ယောသပ်၏သားမဟုတ်လော”ဟု ဆိုကြ၏။
23. ကိုယ်တော်ကလည်း “အသင်ဆေးဆရာ၊ သင့်ရောဂါကို သင်ပျောက်ကင်းစေလော့ဟူသောဆိုရိုးစကားအတိုင်း ‘ကပေရနောင်မြို့တွင် သင်ပြုခဲ့သည်ဟု ငါတို့ကြားရသည့်အမှုများကို သင်၏နေရင်းမြို့ဖြစ်သော ဤအရပ်၌လည်းပြုပါ’ဟု သင်တို့သည် ငါ့အား မုချပြောကြလိမ့်မည်”ဟု မိန့်တော်မူပြီးနောက်
24. “သင်တို့အား ငါအမှန်ဆိုသည်ကား မည်သည့်ပရောဖက်မျှ မိမိ၏နေရင်းမြို့၌ မျက်နှာမရတတ်။
25. ငါသည် သင်တို့အား ဟုတ်မှန်ရာကိုပြောမည်။ ပရောဖက်ဧလိယ၏လက်ထက်၌ သုံးနှစ်နှင့်ခြောက်လပတ်လုံးမိုးခေါင်၍ တစ်ပြည်လုံးတွင် ကြီးစွာသောငတ်မွတ်ခေါင်းပါးခြင်းဘေးကျရောက်စဉ်က အစ္စရေးလူမျိုးထဲတွင် မုဆိုးမများစွာရှိခဲ့ကြ၏။
26. သို့သော် ထိုသူတို့ထဲက မည်သူ့ထံသို့မျှ ဧလိယကိုစေလွှတ်တော်မမူဘဲ ဆီဒုန်ပြည်၊ ဇရတ္တမြို့ရှိ မုဆိုးမတစ်ဦးထံသို့သာ စေလွှတ်တော်မူ၏။
27. ပရောဖက်ဧလိရှဲလက်ထက်၌လည်း အစ္စရေးလူမျိုးထဲတွင် အနာကြီးရောဂါသည် များစွာရှိခဲ့ကြ၏။ သို့သော် ထိုသူတို့ထဲက မည်သူမျှ စင်ကြယ်ခြင်းသို့မရောက်ဘဲ ဆီးရီးယားပြည်သား နေမန်တစ်ဦးတည်းသာ စင်ကြယ်ခြင်းသို့ရောက်၏”ဟု မိန့်တော်မူ၏။
28. ဝတ်ပြုစည်းဝေးကျောင်းထဲ၌ရှိသောသူအားလုံးတို့သည် ထိုစကားကိုကြားသောအခါ ပြင်းစွာဒေါသထွက်သဖြင့်
29. ထ၍ ကိုယ်တော်ကို မြို့ပြင်သို့နှင်ထုတ်ပြီးလျှင် ကိုယ်တော်ကို တောင်ကမ်းပါးမှတွန်းချရန် ထိုမြို့တည်ရာတောင်၏ထိပ်စွန်းအထိ ခေါ်ဆောင်သွားကြ၏။
30. သို့ရာတွင် ကိုယ်တော်သည် သူတို့အလယ်မှဖြတ်လျှောက်၍ ကြွသွားတော်မူ၏။