ရှင်​လု​ကာ​ခ​ရစ်​ဝင် 4:20-28 Myanmar Standard Bible (MSB)

20. ထို့​နောက် ကိုယ်​တော်​သည် ထို​ကျမ်း​စာ​လိပ်​ကို လိပ်​၍ အ​စောင့်​တာ​ဝန်​ခံ​အား​ပြန်​ပေး​ပြီး​လျှင် ထိုင်​တော်​မူ​ရာ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တွင်​ရှိ​သော​သူ​အား​လုံး​တို့​သည် ကိုယ်​တော်​ကို​စေ့​စေ့​ကြည့်​ကြ​၏။

21. ထို​အ​ခါ ကိုယ်​တော်​က “ဤ​ကျမ်း​ချက်​သည် ယ​နေ့​၌​ပင် သင်​တို့​ကြား​ရ​သည့်​အ​တိုင်း ပြည့်​စုံ​လေ​ပြီ”​ဟု မိန့်​တော်​မူ​၏။

22. လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​ချီး​ကျူး​ကြ​ပြီး ကိုယ်​တော်​၏​တင့်​တယ်​သော နှုတ်​ထွက်​စ​ကား​တို့​ကို အံ့​သြ​လျက် “ဤ​သူ​သည် ယော​သပ်​၏​သား​မ​ဟုတ်​လော”​ဟု ဆို​ကြ​၏။

23. ကိုယ်​တော်​က​လည်း “အ​သင်​ဆေး​ဆ​ရာ၊ သင့်​ရော​ဂါ​ကို သင်​ပျောက်​ကင်း​စေ​လော့​ဟူ​သော​ဆို​ရိုး​စ​ကား​အ​တိုင်း ‘က​ပေ​ရ​နောင်​မြို့​တွင် သင်​ပြု​ခဲ့​သည်​ဟု ငါ​တို့​ကြား​ရ​သည့်​အ​မှု​များ​ကို သင်​၏​နေ​ရင်း​မြို့​ဖြစ်​သော ဤ​အ​ရပ်​၌​လည်း​ပြု​ပါ’​ဟု သင်​တို့​သည် ငါ့​အား မု​ချ​ပြော​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​ပြီး​နောက်

24. “သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား မည်​သည့်​ပ​ရော​ဖက်​မျှ မိ​မိ​၏​နေ​ရင်း​မြို့​၌ မျက်​နှာ​မ​ရ​တတ်။

25. ငါ​သည် သင်​တို့​အား ဟုတ်​မှန်​ရာ​ကို​ပြော​မည်။ ပ​ရော​ဖက်​ဧ​လိ​ယ​၏​လက်​ထက်​၌ သုံး​နှစ်​နှင့်​ခြောက်​လ​ပတ်​လုံး​မိုး​ခေါင်​၍ တစ်​ပြည်​လုံး​တွင် ကြီး​စွာ​သော​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ကျ​ရောက်​စဉ်​က အစ္စ​ရေး​လူ​မျိုး​ထဲ​တွင် မု​ဆိုး​မ​များ​စွာ​ရှိ​ခဲ့​ကြ​၏။

26. သို့​သော် ထို​သူ​တို့​ထဲ​က မည်​သူ့​ထံ​သို့​မျှ ဧ​လိ​ယ​ကို​စေ​လွှတ်​တော်​မ​မူ​ဘဲ ဆီ​ဒုန်​ပြည်၊ ဇ​ရတ္တ​မြို့​ရှိ မု​ဆိုး​မ​တစ်​ဦး​ထံ​သို့​သာ စေ​လွှတ်​တော်​မူ​၏။

27. ပ​ရော​ဖက်​ဧ​လိ​ရှဲ​လက်​ထက်​၌​လည်း အစ္စ​ရေး​လူ​မျိုး​ထဲ​တွင် အ​နာ​ကြီး​ရော​ဂါ​သည် များ​စွာ​ရှိ​ခဲ့​ကြ​၏။ သို့​သော် ထို​သူ​တို့​ထဲ​က မည်​သူ​မျှ စင်​ကြယ်​ခြင်း​သို့​မ​ရောက်​ဘဲ ဆီး​ရီး​ယား​ပြည်​သား နေ​မန်​တစ်​ဦး​တည်း​သာ စင်​ကြယ်​ခြင်း​သို့​ရောက်​၏”​ဟု မိန့်​တော်​မူ​၏။

28. ဝတ်​ပြု​စည်း​ဝေး​ကျောင်း​ထဲ​၌​ရှိ​သော​သူ​အား​လုံး​တို့​သည် ထို​စ​ကား​ကို​ကြား​သော​အ​ခါ ပြင်း​စွာ​ဒေါ​သ​ထွက်​သ​ဖြင့်

ရှင်​လု​ကာ​ခ​ရစ်​ဝင် 4