ရှင်​လု​ကာ​ခ​ရစ်​ဝင် 4:14-21 Myanmar Standard Bible (MSB)

14. ယေ​ရှု​သည် ဝိ​ညာဉ်​တော်​တန်​ခိုး​နှင့်​ပြည့်​ဝ​လျက် ဂါ​လိ​လဲ​နယ်​သို့​ပြန်​လာ​သော​အ​ခါ ကိုယ်​တော်​နှင့်​ပတ်​သက်​သော​သ​တင်း​သည် ထို​ဒေ​သ​ဝန်း​ကျင်​တစ်​ခု​လုံး​သို့ ပျံ့​နှံ့​သွား​လေ​၏။

15. ကိုယ်​တော်​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​တွင် သွန်​သင်​တော်​မူ​ရာ လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​၏။

16. ထို့​နောက် ကိုယ်​တော်​သည် မိ​မိ​ကြီး​ပြင်း​ရာ​နာ​ဇ​ရက်​မြို့​သို့​ကြွ​တော်​မူ​၏။ ဥ​ပုသ်​နေ့​တွင် မိ​မိ​ပြု​လေ့​ရှိ​သည့်​အ​တိုင်း ဝတ်​ပြု​စည်း​ဝေး​ကျောင်း​သို့​ဝင်​၍ ကျမ်း​စာ​ကို​ဖတ်​ကြား​ရန် ထ​တော်​မူ​လျှင်

17. ပ​ရော​ဖက်​ဟေ​ရှာ​ယ​၏​ကျမ်း​ကို ကိုယ်​တော်​အား​ပေး​ကြ​၏။ ထို​ကျမ်း​စာ​လိပ်​ကို​ဖွင့်​၍ တွေ့​တော်​မူ​သော​ကျမ်း​ပိုဒ်​၌ ရေး​ထား​သည့်​အ​ချက်​မှာ

18. “ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​တည်​တော်​မူ​၏။ အ​ကြောင်း​မူ​ကား ဆင်း​ရဲ​သား​တို့​အား ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​စေ​ရန် ကိုယ်​တော်​သည် ငါ့​ကို​ဘိ​သိက်​ပေး​တော်​မူ​၍ ဖမ်း​ဆီး​ချုပ်​နှောင်​ခြင်း​ခံ​ရ​သော​သူ​တို့​အား လွတ်​မြောက်​ခြင်း​အ​ကြောင်း​နှင့် မျက်​မ​မြင်​တို့​အား မျက်​စိ​ပြန်​မြင်​ခြင်း​အ​ကြောင်း​ကို ဟော​ပြော​စေ​ရန်​လည်း​ကောင်း၊ ညှဉ်း​ဆဲ​ခံ​ရ​သော​သူ​တို့​ကို လွတ်​မြောက်​ရာ​သို့​ပို့​ဆောင်​ရန်​လည်း​ကောင်း၊

19. ထာ​ဝ​ရ​ဘု​ရား​၏​မင်္ဂ​လာ​နှစ်​ကို ဟော​ပြော​စေ​ရန်​လည်း​ကောင်း ကိုယ်​တော်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​ပြီ”​ဟူ​၍ ဖြစ်​၏။

20. ထို့​နောက် ကိုယ်​တော်​သည် ထို​ကျမ်း​စာ​လိပ်​ကို လိပ်​၍ အ​စောင့်​တာ​ဝန်​ခံ​အား​ပြန်​ပေး​ပြီး​လျှင် ထိုင်​တော်​မူ​ရာ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တွင်​ရှိ​သော​သူ​အား​လုံး​တို့​သည် ကိုယ်​တော်​ကို​စေ့​စေ့​ကြည့်​ကြ​၏။

21. ထို​အ​ခါ ကိုယ်​တော်​က “ဤ​ကျမ်း​ချက်​သည် ယ​နေ့​၌​ပင် သင်​တို့​ကြား​ရ​သည့်​အ​တိုင်း ပြည့်​စုံ​လေ​ပြီ”​ဟု မိန့်​တော်​မူ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 4