9. ပုဆိန်ကိုလည်း သစ်ပင်တို့၏အမြစ်နားတွင် ချထားပြီဖြစ်၍ ကောင်းသောအသီးကိုမသီးသောအပင်တိုင်းသည် ခုတ်လှဲခြင်းခံရ၍ မီးထဲသို့ပစ်ချခြင်းခံရလိမ့်မည်”ဟု ဆိုလေ၏။
10. လူထုပရိသတ်တို့ကလည်း “သို့ဖြစ်လျှင် အကျွန်ုပ်တို့သည် မည်သို့ပြုရမည်နည်း”ဟု မေးကြလျှင်
11. ယောဟန်က “အင်္ကျီနှစ်ထည်ရှိသောသူသည် မရှိသောသူအားဝေမျှပေးစေ။ စားစရာရှိသောသူသည်လည်း ထိုနည်းတူပြုစေ”ဟု ပြန်ဖြေလေ၏။
12. အခွန်ကောက်ခံသူတို့သည်လည်း ဗတ္တိဇံခံရန်လာ၍ “ဆရာ၊ အကျွန်ုပ်တို့သည် မည်သို့ပြုရမည်နည်း”ဟု မေးကြလျှင်
13. ယောဟန်က “သင်တို့ကိုညွှန်ကြားထားသည်ထက် ပို၍မကောက်ခံကြနှင့်”ဟု ပြန်ပြောလေ၏။
14. စစ်မှုထမ်းများသည်လည်း “အကျွန်ုပ်တို့သည် မည်သို့ပြုရမည်နည်း”ဟု မေးကြလျှင် ယောဟန်က “သူတစ်ပါးထံမှ ငွေညှစ်ယူခြင်း၊ မတရားတောင်းခံခြင်း မပြုကြနှင့်။ မိမိတို့ရသောလခနှင့် ရောင့်ရဲကြလော့”ဟု ပြန်ပြောလေ၏။
15. လူတို့သည် စောင့်မျှော်လျက်နေကြသဖြင့် လူတိုင်း ယောဟန်နှင့်ပတ်သက်၍ “သူသည် ခရစ်တော်ဖြစ်လေမည်လော”ဟု မိမိတို့စိတ်ထဲ၌တွေးတောဆင်ခြင်နေကြ၏။
16. ယောဟန်ကလည်း “ငါသည် သင်တို့အား ရေ၌ဗတ္တိဇံကိုပေး၏။ သို့သော် ငါ့ထက်ကြီးမြတ်သောအရှင်သည် ကြွလာမည်။ ထိုအရှင်၏ခြေနင်းတော်ကြိုးကို ဖြေပေးရန်ပင် ငါသည်မထိုက်တန်။ ထိုအရှင်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်မီး၌ သင်တို့ကိုဗတ္တိဇံပေးတော်မူလိမ့်မည်။