ရှင်​လု​ကာ​ခ​ရစ်​ဝင် 22:61-65 Myanmar Standard Bible (MSB)

61. ထို​အ​ခါ သ​ခင်​ဘု​ရား​သည်​လှည့်​၍ ပေ​တ​ရု​ကို​စူး​စိုက်​ကြည့်​တော်​မူ​၏။ ပေ​တ​ရု​သည်​လည်း “ယ​နေ့​ပင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်​တိုင်​ငြင်း​ပယ်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​ခဲ့​သော သ​ခင်​ဘု​ရား​၏​စ​ကား​တော်​ကို ပြန်​လည်​သ​တိ​ရ​သ​ဖြင့်

62. အ​ပြင်​သို့​ထွက်​သွား​၍ သည်း​ထန်​စွာ​ငို​ကြွေး​လေ​၏။

63. ယေ​ရှု​ကို​စောင့်​ကြပ်​နေ​သော​သူ​တို့​သည် ကိုယ်​တော်​ကို​ပြောင်​လှောင်​၍​ရိုက်​နှက်​ကြ​ကာ

64. မျက်​နှာ​တော်​ကို​ဖုံး​အုပ်​ပြီး​လျှင် “သင့်​အား​မည်​သူ​ရိုက်​သည်​ကို ဟော​ကြည့်​ပါ”​ဟု ဆို​ကြ​၏။

65. ထို့​ပြင် အ​ခြား​စ​ကား​အ​မျိုး​မျိုး​တို့​ဖြင့် ကိုယ်​တော်​ကို​စော်​ကား​ပြော​ဆို​ကြ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 22