28. စုံစမ်းနှောင့်ယှက်ခြင်းများကိုငါခံရစဉ် သင်တို့သည် ငါနှင့်အတူရပ်တည်ခဲ့သောသူများဖြစ်ကြ၏။
29. ငါ၏ခမည်းတော်သည် နိုင်ငံတော်ကို ငါ့အားအပ်နှင်းတော်မူသကဲ့သို့ ငါသည်လည်း နိုင်ငံတော်ကို သင်တို့အားအပ်နှင်းသဖြင့်
30. သင်တို့သည် ငါ၏နိုင်ငံတော်၌ ငါ၏စားပွဲတွင်ထိုင်လျက် စားသောက်ကြရလိမ့်မည်။ ထို့ပြင် ပလ္လင်များပေါ်ထိုင်လျက် အစ္စရေးမျိုးနွယ်စုတစ်ဆယ့်နှစ်စုတို့ကို တရားစီရင်ကြရလိမ့်မည်။
31. ရှိမုန်၊ ရှိမုန်၊ နားထောင်လော့။ ဂျုံကိုဆန်ခါချသကဲ့သို့ စာတန်သည် သင်တို့ကို ဆန်ခါချရန် အခွင့်တောင်းလေပြီ။