ရှင်​လု​ကာ​ခ​ရစ်​ဝင် 2:9-13 Myanmar Standard Bible (MSB)

9. ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် သူ​တို့​ရှေ့​၌​ပေါ်​လာ​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​သည် သူ​တို့​ပတ်​လည်​တွင်​ထွန်း​လင်း​သ​ဖြင့် သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။

10. သို့​သော် ကောင်း​ကင်​တ​မန်​က “ကြောက်​ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား လူ​အ​ပေါင်း​တို့​အ​တွက် အ​လွန်​ဝမ်း​မြောက်​စ​ရာ​ဖြစ်​မည့် ကောင်း​မြတ်​သော​သ​တင်း​ကို သင်​တို့​အား ငါ​ပြော​ကြား​မည်။

11. ယ​နေ့​တွင် ဒါ​ဝိဒ်​၏​မြို့​၌ သ​ခင်​ခ​ရစ်​တော်​တည်း​ဟူ​သော​ကယ်​တင်​ရှင်​သည် သင်​တို့​အ​တွက် ဖွား​မြင်​တော်​မူ​ပြီ။

12. သင်​တို့​သိ​နိုင်​သည့် အ​မှတ်​လက္ခ​ဏာ​ဟူ​မူ​ကား အ​နှီး​နှင့်​ပတ်​ရစ်​ပြီး နွား​စား​ခွက်​၌ သိပ်​ထား​သော​က​လေး​ငယ်​ကို သင်​တို့​တွေ့​ကြ​လိမ့်​မည်”​ဟု သူ​တို့​အား မြွက်​ဆို​လေ​၏။

13. ထို​ခ​ဏ​ချင်း​တွင် ထို​ကောင်း​ကင်​တ​မန်​နှင့်​အ​တူ များ​စွာ​သော​ကောင်း​ကင်​ဗိုလ်​ခြေ​သည်​ပေါ်​လာ​၍ ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​ကာ

ရှင်​လု​ကာ​ခ​ရစ်​ဝင် 2