25. ချမ်းသာသောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန်ထက် ကုလားအုပ်သည် အပ်နဖားပေါက်မှလျှိုဝင်ရန် ပို၍လွယ်ကူ၏”ဟု မိန့်တော်မူ၏။
26. ထိုစကားကိုကြားသောသူတို့က “သို့ဖြစ်လျှင် မည်သူသည် ကယ်တင်ခြင်းခံရနိုင်ပါမည်နည်း”ဟု ပြောဆိုကြ၏။
27. ကိုယ်တော်ကလည်း “လူတို့အတွက်မဖြစ်နိုင်သောအရာများသည် ဘုရားသခင်အတွက်ဖြစ်နိုင်၏”ဟု မိန့်တော်မူ၏။
28. ထိုအခါ ပေတရုက “အကျွန်ုပ်တို့သည် အကျွန်ုပ်တို့ပိုင်ဆိုင်သောအရာများကိုစွန့်၍ ကိုယ်တော်၏နောက်သို့လိုက်ခဲ့ကြပါပြီ”ဟု လျှောက်လေ၏။
29. ကိုယ်တော်ကလည်း “သင်တို့အား ငါအမှန်ဆိုသည်ကား ဘုရားသခင်၏နိုင်ငံတော်အတွက် အိမ်ကိုဖြစ်စေ၊ ဇနီးကိုဖြစ်စေ၊ ညီအစ်ကိုကိုဖြစ်စေ၊ မိဘကိုဖြစ်စေ၊ သားသမီးများကိုဖြစ်စေ စွန့်သောသူတို့တွင်