ရှင်​လု​ကာ​ခ​ရစ်​ဝင် 12:54-59 Myanmar Standard Bible (MSB)

54. ထို့​နောက် ကိုယ်​တော်​သည် လူ​ထု​ပ​ရိ​သတ်​တို့​အား မြွက်​ဆို​တော်​မူ​သည်​မှာ “သင်​တို့​သည် အ​နောက်​အ​ရပ်​တွင် မိုး​တိမ်​တက်​လာ​သည်​ကို​မြင်​လျှင် မိုး​သက်​မုန်​တိုင်း​လာ​နေ​ပြီ​ဟု ချက်​ချင်း​ပြော​တတ်​ကြ​၏။ ထို​အ​တိုင်း​လည်း​ဖြစ်​တတ်​၏။

55. တောင်​လေ​တိုက်​လာ​သော​အ​ခါ​၌​လည်း ပူ​အိုက်​လိမ့်​မည်​ဟု​ပြော​တတ်​ကြ​၏။ ထို​အ​တိုင်း​လည်း​ဖြစ်​တတ်​၏။

56. သူ​တော်​ကောင်း​ယောင်​ဆောင်​သော​သူ​တို့၊ သင်​တို့​သည် မြေ​ကြီး​နှင့်​ကောင်း​ကင်​တို့​၏​အ​သွင်​အ​ပြင်​ကို ပိုင်း​ခြား​၍​သိ​နိုင်​ကြ​သော်​လည်း ဤ​အ​ချိန်​ကာ​လ​ကို အ​ဘယ်​ကြောင့် ပိုင်း​ခြား​၍​မ​သိ​နိုင်​ကြ​သ​နည်း။

57. ထို​မှ​တစ်​ပါး မှန်​ကန်​သည့်​အ​ရာ​ကို အ​ဘယ်​ကြောင့် မိ​မိ​တို့​ကိုယ်​တိုင်​မ​ဆင်​ခြင်​မ​သုံး​သပ်​ကြ​သ​နည်း။

58. သင့်​ကို​တ​ရား​စွဲ​ဆို​သူ​နှင့်​အ​တူ အ​ကြီး​အ​ကဲ​ထံ​သို့​သွား​ကြ​သော​အ​ခါ လမ်း​၌ သူ​နှင့်​ကျေ​အေး​အောင်​ကြိုး​စား​လော့။ သို့​မ​ဟုတ်​ပါ​က သူ​သည် သင့်​ကို တ​ရား​သူ​ကြီး​ထံ​သို့​ဆွဲ​ခေါ်​သွား​၍ တ​ရား​သူ​ကြီး​သည် သင့်​ကို မင်း​မှု​ထမ်း​လက်​သို့​အပ်​သ​ဖြင့် မင်း​မှု​ထမ်း​သည် သင့်​ကို ထောင်​ထဲ​၌ ထည့်​ထား​လိမ့်​မည်။

59. သင့်​အား ငါ​ဆို​မည်။ နောက်​ဆုံး​လတ္တာ​တစ်​ပြား​ကို သင်​ပြန်​၍​မ​ဆပ်​မ​ချင်း ထို​နေ​ရာ​မှ လုံး​ဝ​ထွက်​ရ​မည်​မ​ဟုတ်”​ဟု​မိန့်​တော်​မူ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 12