ရှင်​လု​ကာ​ခ​ရစ်​ဝင် 12:44-52 Myanmar Standard Bible (MSB)

44. သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား သ​ခင်​သည် မိ​မိ​၏​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို သူ့​အား​ကြီး​ကြပ်​စောင့်​ရှောက်​စေ​လိမ့်​မည်။

45. သို့​သော် ထို​အ​စေ​အ​ပါး​သည် မိ​မိ​စိတ်​ထဲ​၌ ‘ငါ့​သ​ခင်​ပြန်​လာ​ရန် ကြန့်​ကြာ​နေ​၏’​ဟု ဆို​လျက် အ​စေ​ခံ​ယောက်ျား​နှင့်​အ​စေ​ခံ​မိန်း​မ​များ​ကို ရိုက်​နှက်​ကာ စား​သောက်​ယစ်​မူး​လျက်​နေ​လျှင်

46. ထို​အ​စေ​အ​ပါး​၏​သ​ခင်​သည် သူ​မျှော်​လင့်​မ​ထား​သော​နေ့၊ သူ​မ​သိ​သော​အ​ချိန်​တွင် ရောက်​လာ​၍ သူ့​ကို ပြင်း​စွာ​ပြစ်​ဒဏ်​ပေး​ကာ မ​ယုံ​ကြည်​သူ​တို့​နှင့်​အ​တူ နေ​ရာ​ချ​ထား​လိမ့်​မည်။

47. မိ​မိ​သ​ခင်​၏​အ​လို​ကို​သိ​လျက်​ပင် ပြင်​ဆင်​ထား​ခြင်း​မ​ရှိ သို့​မ​ဟုတ် သ​ခင်​၏​အ​လို​အ​တိုင်း​လုပ်​ဆောင်​ခြင်း​မ​ရှိ​သော အ​စေ​အ​ပါး​သည် များ​စွာ​ရိုက်​နှက်​ခြင်း​ခံ​ရ​လိမ့်​မည်။

48. သို့​သော် သ​ခင်​၏​အ​လို​ကို​မ​သိ​ဘဲ ရိုက်​နှက်​ခြင်း​ဒဏ်​နှင့်​ထိုက်​သော​အ​မှု​ကို ပြု​မိ​သော​သူ​သည် အ​နည်း​ငယ်​သာ ရိုက်​နှက်​ခြင်း​ခံ​ရ​မည်။ များ​စွာ​ရ​ရှိ​ထား​သော​သူ​အား​လုံး​ထံ​မှ များ​စွာ​တောင်း​ဆို​လိမ့်​မည်။ များ​စွာ​အပ်​နှံ​ထား​သော​သူ​ထံ​မှ ပို​၍​များ​စွာ​တောင်း​ကြ​လိမ့်​မည်။

49. မြေ​ကြီး​ပေါ်​သို့​မီး​ကျ​လာ​စေ​ရန် ငါ​လာ​၏။ မီး​စွဲ​လောင်​ပြီး​သား​ဖြစ်​ရန်​ပင် ငါ​အ​လွန်​အ​လို​ရှိ​၏။

50. သို့​သော် ငါ​ခံ​မည့်​ဗတ္တိ​ဇံ​တစ်​ပါး​ရှိ​၏။ ထို​အ​မှု​မ​ပြီး​ဆုံး​မီ​တိုင်​အောင် ငါ​သည် ဖိ​စီး​မှု​ကို မည်​မျှ​ခံ​စား​ရ​ပါ​မည်​နည်း။

51. မြေ​ကြီး​ပေါ်​၌ ငြိမ်​သက်​ခြင်း​ကို​ပေး​ရန် ငါ​လာ​သည်​ဟု ထင်​မှတ်​ကြ​သ​လော။ ထို​သို့​မ​ဟုတ်​ပေ။ သင်​တို့​အား ငါ​ဆို​သည်​ကား ကွဲ​ပြား​စေ​ရန် ငါ​လာ​၏။

52. အ​ကြောင်း​မူ​ကား ယ​ခု​မှ​စ​၍ လူ​ငါး​ယောက်​ရှိ​သည့်​အိမ်​တစ်​အိမ်​တွင် သုံး​ယောက်​သည် နှစ်​ယောက်​ကို​လည်း​ကောင်း၊ နှစ်​ယောက်​သည် သုံး​ယောက်​ကို​လည်း​ကောင်း ဆန့်​ကျင်​လျက် ကွဲ​ပြား​ကြ​လိမ့်​မည်။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 12