41. ထိုအခါ ပေတရုက “သခင်ဘုရား၊ ဤပုံဥပမာကို အကျွန်ုပ်တို့အတွက်မိန့်တော်မူသလော သို့မဟုတ် လူအပေါင်းတို့အတွက်ပါ မိန့်တော်မူသလော”ဟု မေးလျှောက်၏။
42. သခင်ဘုရားကလည်း “မိမိအိမ်သူအိမ်သားများအား အချိန်တန်သောအခါ အစားအစာများစီစဉ်ပေးရန် သူတို့အပေါ်သခင်ခန့်ထားသည့် သစ္စာနှင့်ပညာသတိရှိသောအစေအပါးခေါင်းဆောင်ကား မည်သူနည်း။
43. မိမိသခင်ပြန်လာသောအခါ ထိုသို့ဆောင်ရွက်နေသည်ကို သခင်တွေ့ရသောအစေအပါးသည် မင်္ဂလာရှိ၏။
44. သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိ၏ဥစ္စာပစ္စည်းရှိသမျှကို သူ့အားကြီးကြပ်စောင့်ရှောက်စေလိမ့်မည်။
45. သို့သော် ထိုအစေအပါးသည် မိမိစိတ်ထဲ၌ ‘ငါ့သခင်ပြန်လာရန် ကြန့်ကြာနေ၏’ဟု ဆိုလျက် အစေခံယောက်ျားနှင့်အစေခံမိန်းမများကို ရိုက်နှက်ကာ စားသောက်ယစ်မူးလျက်နေလျှင်
46. ထိုအစေအပါး၏သခင်သည် သူမျှော်လင့်မထားသောနေ့၊ သူမသိသောအချိန်တွင် ရောက်လာ၍ သူ့ကို ပြင်းစွာပြစ်ဒဏ်ပေးကာ မယုံကြည်သူတို့နှင့်အတူ နေရာချထားလိမ့်မည်။