ရှင်​လု​ကာ​ခ​ရစ်​ဝင် 12:4-13 Myanmar Standard Bible (MSB)

4. ငါ​၏​မိတ်​ဆွေ​များ​ဖြစ်​ကြ​သော​သင်​တို့​အား ငါ​ဆို​မည်။ ကိုယ်​ခန္ဓာ​ကို​သတ်​ပြီး​သည့်​နောက်​တွင် အ​ခြား​မည်​သည့်​အ​ရာ​ကို​မျှ ထပ်​၍​မ​ပြု​နိုင်​သော​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။

5. သင်​တို့​ကြောက်​ရ​မည့်​သူ​ကို သင်​တို့​အား ငါ​ပြော​ပြ​မည်။ ကိုယ်​ခန္ဓာ​ကို​သတ်​ပြီး​နောက် င​ရဲ​ထဲ​သို့​ပစ်​ချ​ပိုင်​ခွင့်​ရှိ​သော​သူ​ကို ကြောက်​ကြ​လော့။ မှန်​ပေ​၏။ ထို​သူ​ကို​ကြောက်​ကြ​လော့​ဟု သင်​တို့​အား ငါ​ဆို​၏။

6. စာ​က​လေး​ငါး​ကောင်​ကို အဿ​ရိ​နှစ်​ပြား​နှင့်​ရောင်း​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင် ထို​စာ​က​လေး​တစ်​ကောင်​ကို​မျှ ဘု​ရား​သ​ခင်​မေ့​လျော့​တော်​မ​မူ။

7. သင်​တို့​ဦး​ခေါင်း​မှ​ဆံ​ပင်​ရှိ​သ​မျှ​ကို​ပင် ရေ​တွက်​ထား​တော်​မူ​၏။ မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် စာ​က​လေး​များ​စွာ​တို့​ထက်​အ​ဖိုး​ထိုက်​ကြ​၏။

8. သင်​တို့​အား ငါ​ဆို​သည်​ကား မည်​သူ​မ​ဆို လူ​တို့​ရှေ့​၌ ငါ့​ကို​ဝန်​ခံ​လျှင် လူ့​သား​သည်​လည်း ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​တို့​ရှေ့​၌ ထို​သူ​ကို ဝန်​ခံ​မည်။

9. သို့​သော် လူ​တို့​ရှေ့​၌ ငါ့​ကို​ငြင်း​ပယ်​သော​သူ​သည် ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​တို့​ရှေ့​၌ ငြင်း​ပယ်​ခြင်း​ခံ​ရ​လိမ့်​မည်။

10. လူ့​သား​အ​ပေါ်​ဆန့်​ကျင်​သည့်​စ​ကား​ကို ပြော​ဆို​သော​သူ​အား​လုံး ခွင့်​လွှတ်​ခြင်း​ခံ​ရ​မည်​ဖြစ်​သော်​လည်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို စော်​ကား​ပြော​ဆို​သော​သူ​သည် ခွင့်​လွှတ်​ခြင်း​ခံ​ရ​မည်​မ​ဟုတ်။

11. လူ​တို့​သည် သင်​တို့​ကို ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​သို့​လည်း​ကောင်း၊ အုပ်​ချုပ်​သူ​များ​နှင့် အာ​ဏာ​ပိုင်​များ​ရှေ့​သို့​လည်း​ကောင်း ခေါ်​ဆောင်​သွား​ကြ​သော​အ​ခါ မည်​သည့်​အ​ရာ​ကို မည်​ကဲ့​သို့​ချေ​ပ​ရ​မည်​နည်း။ သို့​မ​ဟုတ် မည်​သည့်​အ​ရာ​ကို ပြော​ဆို​ရ​မည်​နည်း​ဟူ​၍ မ​စိုး​ရိမ်​ကြ​နှင့်။

12. အ​ကြောင်း​မူ​ကား သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ပြော​ဆို​ရ​မည့်​အ​ရာ​တို့​ကို ထို​အ​ချိန်​နာ​ရီ​၌​ပင် သင်​တို့​အား​သွန်​သင်​ပေး​တော်​မူ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

13. ထို​အ​ခါ လူ​ထု​ပ​ရိ​သတ်​ထဲ​မှ တစ်​စုံ​တစ်​ဦး​က ကိုယ်​တော်​အား “ဆ​ရာ၊ အ​ကျွန်ုပ်​ကို​အ​မွေ​ခွဲ​ဝေ​ပေး​ရန် အ​ကျွန်ုပ်​၏​အစ်​ကို​အား အ​မိန့်​ရှိ​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 12