39. အိမ်ရှင်သည် သူခိုးလာမည့်အချိန်ကိုသိထားလျှင် မိမိအိမ်ကို ဖောက်ထွင်းခွင့်ပြုမည်မဟုတ်ကြောင်း သိမှတ်ကြလော့။
40. လူ့သားသည် သင်တို့မထင်မှတ်သောအချိန်၌ ကြွလာမည်ဖြစ်၍ သင်တို့သည်လည်း အသင့်ရှိနေကြလော့”ဟု မိန့်တော်မူ၏။
41. ထိုအခါ ပေတရုက “သခင်ဘုရား၊ ဤပုံဥပမာကို အကျွန်ုပ်တို့အတွက်မိန့်တော်မူသလော သို့မဟုတ် လူအပေါင်းတို့အတွက်ပါ မိန့်တော်မူသလော”ဟု မေးလျှောက်၏။
42. သခင်ဘုရားကလည်း “မိမိအိမ်သူအိမ်သားများအား အချိန်တန်သောအခါ အစားအစာများစီစဉ်ပေးရန် သူတို့အပေါ်သခင်ခန့်ထားသည့် သစ္စာနှင့်ပညာသတိရှိသောအစေအပါးခေါင်းဆောင်ကား မည်သူနည်း။