35. သင်တို့သည် ခါးကိုစည်းလျက် ဆီမီးတို့ကိုထွန်းထားကြလော့။
36. မိမိတို့၏သခင်သည် မင်္ဂလာဆောင်ပွဲမှပြန်လာ၍ တံခါးခေါက်သောအခါ သူ့အတွက် ချက်ချင်းတံခါးဖွင့်ပေးနိုင်ရန် သခင်ကိုစောင့်နေသူများကဲ့သို့ဖြစ်ကြလော့။
37. သခင်ပြန်လာသောအခါ သတိနှင့်စောင့်နေကြသည်ကို သခင်တွေ့ရသောအစေအပါးတို့သည် မင်္ဂလာရှိကြ၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိခါးကိုစည်းလျက် သူတို့ကိုထိုင်စေပြီးလျှင် အနားသို့လာ၍ သူတို့ကိုလုပ်ကျွေးပြုစုလိမ့်မည်။