1. ထိုအခါ ထောင်ပေါင်းများစွာသောလူထုပရိသတ်တို့သည် စုဝေးလာကြ၍ အချင်းချင်းပင်နင်းမိမတတ်ဖြစ်ကြ၏။ ကိုယ်တော်သည် တပည့်တော်တို့အား ဦးစွာမြွက်ဆိုတော်မူသည်မှာ “ဖာရိရှဲတို့၏တဆေးဖြစ်သည့် သူတော်ကောင်းယောင်ဆောင်မှုကို သတိထားကြလော့။
2. ဖုံးအုပ်ထားသည့်အရာများတွင် ဖွင့်ပြခြင်းမခံရမည့်အရာတစ်စုံတစ်ခုမျှမရှိ။ ကွယ်ဝှက်ထားသောအရာများတွင် ဖော်ပြခြင်းမခံရမည့်အရာလည်း တစ်စုံတစ်ခုမျှမရှိ။
3. သို့ဖြစ်၍ မှောင်မိုက်၌ သင်တို့ပြောဆိုသောအရာတို့ကို အလင်း၌ကြားကြလိမ့်မည်။ အိမ်အတွင်းခန်းထဲ၌ နားအပါးကပ်၍ သင်တို့ပြောဆိုသောအရာများကို လေသာဆောင်ပေါ်မှ ကြေညာကြလိမ့်မည်။
4. ငါ၏မိတ်ဆွေများဖြစ်ကြသောသင်တို့အား ငါဆိုမည်။ ကိုယ်ခန္ဓာကိုသတ်ပြီးသည့်နောက်တွင် အခြားမည်သည့်အရာကိုမျှ ထပ်၍မပြုနိုင်သောသူတို့ကို မကြောက်ကြနှင့်။
5. သင်တို့ကြောက်ရမည့်သူကို သင်တို့အား ငါပြောပြမည်။ ကိုယ်ခန္ဓာကိုသတ်ပြီးနောက် ငရဲထဲသို့ပစ်ချပိုင်ခွင့်ရှိသောသူကို ကြောက်ကြလော့။ မှန်ပေ၏။ ထိုသူကိုကြောက်ကြလော့ဟု သင်တို့အား ငါဆို၏။