ရှင်​လု​ကာ​ခ​ရစ်​ဝင် 1:9-13 Myanmar Standard Bible (MSB)

9. ယဇ်​ပု​ရော​ဟိတ်​အ​ဖွဲ့​၏​ဓ​လေ့​ထုံး​စံ​အ​တိုင်း​မဲ​ချ​ကြ​ရာ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​အ​တွင်း​သို့​ဝင်​၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ရန် သူ​၌​တာ​ဝန်​ကျ​လေ​၏။

10. နံ့​သာ​ပေါင်း​မီး​ရှို့​ပူ​ဇော်​သည့်​အ​ချိန်​တွင် လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် အ​ပြင်​၌​ဆု​တောင်း​နေ​ကြ​၏။

11. ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ဇာ​ခ​ရိ​ရှေ့​၌​ပေါ်​လာ​၍ နံ့​သာ​ပေါင်း​မီး​ရှို့​ပူ​ဇော်​ရာ​ယဇ်​ပလ္လင်​၏​လက်​ယာ​ဘက်​တွင် ရပ်​လေ​၏။

12. ဇာ​ခ​ရိ​သည်​မြင်​လျှင် တုန်​လှုပ်​ချောက်​ချား​၍ ကြောက်​ရွံ့​လေ​၏။

13. ကောင်း​ကင်​တ​မန်​က “ဇာ​ခ​ရိ၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ သင်​၏​ဆု​တောင်း​သံ​ကို ဘု​ရား​သ​ခင်​နား​ညောင်း​တော်​မူ​ပြီ။ သင်​၏​ဇ​နီး​အဲ​လစ်​ဇ​ဘက်​သည် သား​ယောက်ျား​ကို​ဖွား​မြင်​လိမ့်​မည်။ ထို​သား​၏​အ​မည်​ကို ယော​ဟန်​ဟု​မှည့်​ခေါ်​ရ​မည်။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 1