ရှင်​လု​ကာ​ခ​ရစ်​ဝင် 1:8-12 Myanmar Standard Bible (MSB)

8. တစ်​ခါ​က ဇာ​ခ​ရိ​သည် မိ​မိ​၏​အ​ဖွဲ့ အ​လှည့်​ကျ​သ​ဖြင့် ဘု​ရား​သ​ခင်​ရှေ့​တော်​၌​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​ရွက်​နေ​စဉ်

9. ယဇ်​ပု​ရော​ဟိတ်​အ​ဖွဲ့​၏​ဓ​လေ့​ထုံး​စံ​အ​တိုင်း​မဲ​ချ​ကြ​ရာ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​အ​တွင်း​သို့​ဝင်​၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ရန် သူ​၌​တာ​ဝန်​ကျ​လေ​၏။

10. နံ့​သာ​ပေါင်း​မီး​ရှို့​ပူ​ဇော်​သည့်​အ​ချိန်​တွင် လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် အ​ပြင်​၌​ဆု​တောင်း​နေ​ကြ​၏။

11. ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ဇာ​ခ​ရိ​ရှေ့​၌​ပေါ်​လာ​၍ နံ့​သာ​ပေါင်း​မီး​ရှို့​ပူ​ဇော်​ရာ​ယဇ်​ပလ္လင်​၏​လက်​ယာ​ဘက်​တွင် ရပ်​လေ​၏။

12. ဇာ​ခ​ရိ​သည်​မြင်​လျှင် တုန်​လှုပ်​ချောက်​ချား​၍ ကြောက်​ရွံ့​လေ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 1