ရှင်​လု​ကာ​ခ​ရစ်​ဝင် 1:76-77-80 Myanmar Standard Bible (MSB)

8. တစ်​ခါ​က ဇာ​ခ​ရိ​သည် မိ​မိ​၏​အ​ဖွဲ့ အ​လှည့်​ကျ​သ​ဖြင့် ဘု​ရား​သ​ခင်​ရှေ့​တော်​၌​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​ရွက်​နေ​စဉ်

9. ယဇ်​ပု​ရော​ဟိတ်​အ​ဖွဲ့​၏​ဓ​လေ့​ထုံး​စံ​အ​တိုင်း​မဲ​ချ​ကြ​ရာ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​အ​တွင်း​သို့​ဝင်​၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ရန် သူ​၌​တာ​ဝန်​ကျ​လေ​၏။

76-77. အ​ချင်း​သူ​ငယ်၊ သင်​သည်​လည်း အ​မြင့်​ဆုံး​သော​ဘု​ရား​၏​ပ​ရော​ဖက်​ဟု​ခေါ်​ဝေါ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား သင်​သည် ထာ​ဝ​ရ​ဘု​ရား​၏​လမ်း​တော်​ကို​ပြင်​ဆင်​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​အား​ဖြင့်​သက်​ရောက်​သော ကယ်​တင်​ခြင်း​နှင့်​ဆိုင်​သည့်​အ​သိ​ပ​ညာ​ကို​ပေး​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏​ရှေ့​တော်​၌ သွား​လိမ့်​မည်။

78. ဤ​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​သည် ငါ​တို့​ဘု​ရား​သ​ခင်​၏​အ​ကြင်​နာ​က​ရု​ဏာ​တော်​ကြောင့် သက်​ရောက်​လာ​သည်​ဖြစ်​၍ ထို​က​ရု​ဏာ​တော်​အား​ဖြင့် အ​ထက်​ကောင်း​ကင်​မှ​နေ​အ​ရုဏ်​သည် ငါ​တို့​အ​ပေါ်​သက်​ရောက်​ပြီး

79. မှောင်​မိုက်​နှင့် သေ​ခြင်း​၏​အ​ရိပ်​ထဲ​တွင်​နေ​ထိုင်​သော​သူ​တို့​အ​ပေါ် ထွန်း​လင်း​ကာ ငါ​တို့​၏​ခြေ​ကို ငြိမ်​သက်​ခြင်း​လမ်း​ထဲ​သို့​ပို့​ဆောင်​တော်​မူ​၏”​ဟု ဆို​လေ​၏။

80. သူ​ငယ်​သည်​လည်း​ကြီး​ထွား​၍ စိတ်​ဝိ​ညာဉ်​ကြံ့​ခိုင်​လာ​ကာ အစ္စ​ရေး​လူ​မျိုး​ရှေ့​၌ ထင်​ရှား​သည့်​နေ့​ရက်​တိုင်​အောင် တော​ကန္တာ​ရ​၌​နေ​လေ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 1