ရှင်​လု​ကာ​ခ​ရစ်​ဝင် 1:46-56 Myanmar Standard Bible (MSB)

46. မာ​ရိ​က​လည်း “ငါ​၏​စိတ်​နှ​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ချီး​မွမ်း​၍

47. ငါ့​ဝိ​ညာဉ်​သည် ငါ​၏​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​၌ ရွှင်​မြူး​၏။

48. အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် မိ​မိ​အ​စေ​အ​ပါး​၏​သိမ်​ငယ်​သော​အ​ဖြစ်​ကို ဂ​ရု​စိုက်​တော်​မူ​ပြီ။ ယ​ခု​မှ​စ​၍ နောင်​လာ​နောက်​သား​အ​ပေါင်း​တို့​သည် ငါ့​ကို​မင်္ဂ​လာ​ရှိ​သော​သူ​ဟု ခေါ်​ကြ​လိမ့်​မည်။

49. အ​ဘယ်​ကြောင့်​ဆို​သော် တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော​အ​ရှင်​သည် ကြီး​မား​သော​အ​မှု​တို့​ကို ငါ့​အ​တွက်​ပြု​တော်​မူ​ပြီ။ ကိုယ်​တော်​၏​နာ​မ​တော်​သည် သန့်​ရှင်း​တော်​မူ​၏။

50. က​ရု​ဏာ​တော်​သည်​လည်း ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သော​သူ​တို့​အ​ပေါ်​၌ သား​စဉ်​မြေး​ဆက်​တည်​၏။

51. ကိုယ်​တော်​သည် လက်​ရုံး​တော်​အား​ဖြင့် တန်​ခိုး​အ​ရှိန်​အ​ဝါ​နှင့်​ပြည့်​စုံ​သော​အ​မှု​ကို​ပြု​တော်​မူ​၍ အ​တွင်း​စိတ်​သ​ဘော​၌ မာ​န​ထောင်​လွှား​သော​သူ​တို့​ကို ကွဲ​လွင့်​စေ​တော်​မူ​၏။

52. ရှင်​ဘု​ရင်​တို့​ကို နန်း​ချ​၍ နှိမ့်​ချ​သော​သူ​တို့​ကို ချီး​မြှောက်​တော်​မူ​၏။

53. ဆာ​လောင်​သော​သူ​တို့​ကို ကောင်း​သော​အ​ရာ​များ​ဖြင့်​ပြည့်​ဝ​စေ​၍ ကြွယ်​ဝ​သော​သူ​တို့​ကို လက်​ချည်း​သက်​သက်​ပြန်​လွှတ်​တော်​မူ​၏။

54-55. ကိုယ်​တော်​သည် ငါ​တို့​ဘိုး​ဘေး​များ​အား​မိန့်​တော်​မူ​သည့်​အ​တိုင်း အာ​ဗြ​ဟံ​မှ​စ​၍ သူ​၏​အ​မျိုး​အ​နွယ်​အ​ပေါ် ကာ​လ​အ​စဉ်​အ​ဆက်​ထား​ရှိ​သော​က​ရု​ဏာ​တော်​ကို​အောက်​မေ့​၍ မိ​မိ​၏​အ​စေ​ခံ​အစ္စ​ရေး​လူ​မျိုး​ကို ကူ​ညီ​မ​စ​တော်​မူ​ပြီ”​ဟု ဆို​၏။

56. မာ​ရိ​သည် အဲ​လစ်​ဇ​ဘက်​နှင့်​အ​တူ သုံး​လ​ခန့်​နေ​ပြီး​နောက် မိ​မိ​အိမ်​သို့​ပြန်​လေ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 1