ရှင်​လု​ကာ​ခ​ရစ်​ဝင် 1:3-4-15 Myanmar Standard Bible (MSB)

5. ယု​ဒ​နယ်​ကို​အုပ်​ချုပ်​သော ဟေ​ရုဒ်​မင်း​ကြီး​လက်​ထက်​တွင် ဇာ​ခ​ရိ​အ​မည်​ရှိ​သော အ​ဘိ​ယ​အ​ဖွဲ့​ဝင်​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​ရှိ​၏။ သူ​၏​ဇ​နီး​သည် အာ​ရုန်​၏​အ​မျိုး​မှ​ဆင်း​သက်​သူ​ဖြစ်​ပြီး သူ​၏​အ​မည်​မှာ အဲ​လစ်​ဇ​ဘက်​ဖြစ်​၏။

6. သူ​တို့​နှစ်​ဦး​စ​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​နှင့်​ပြဋ္ဌာန်း​ချက်​ရှိ​သ​မျှ​တို့​ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​လျှောက်​လျက် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ဖြောင့်​မတ်​သော​သူ​များ​ဖြစ်​ကြ​၏။

7. သို့​သော် အဲ​လစ်​ဇ​ဘက်​သည် အ​မြုံ​ဖြစ်​၍ သူ​တို့​၌​သား​သ​မီး​မ​ရှိ။ သူ​တို့​နှစ်​ဦး​စ​လုံး​သည်​လည်း အ​သက်​ကြီး​ရင့်​နေ​ကြ​ပြီ​ဖြစ်​၏။

8. တစ်​ခါ​က ဇာ​ခ​ရိ​သည် မိ​မိ​၏​အ​ဖွဲ့ အ​လှည့်​ကျ​သ​ဖြင့် ဘု​ရား​သ​ခင်​ရှေ့​တော်​၌​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​ရွက်​နေ​စဉ်

9. ယဇ်​ပု​ရော​ဟိတ်​အ​ဖွဲ့​၏​ဓ​လေ့​ထုံး​စံ​အ​တိုင်း​မဲ​ချ​ကြ​ရာ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​အ​တွင်း​သို့​ဝင်​၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ရန် သူ​၌​တာ​ဝန်​ကျ​လေ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 1