39. ထိုနေ့ရက်များတွင် မာရိသည်ထ၍ တောင်ပေါ်ဒေသ၌ရှိသော ယုဒပြည်၏မြို့တစ်မြို့သို့ အလျင်အမြန်သွား၍
40. ဇာခရိအိမ်သို့ဝင်ကာ အဲလစ်ဇဘက်ကိုနှုတ်ဆက်လေ၏။
41. မာရိ၏နှုတ်ဆက်စကားကို အဲလစ်ဇဘက်ကြားရသောအခါ သူ၏ကလေးငယ်သည် ဝမ်းထဲ၌ခုန်လေ၏။ အဲလစ်ဇဘက်သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက်
42. “သင်သည် မိန်းမတို့တွင် မင်္ဂလာရှိ၏။ သင်၏ဝမ်းတွင်းမှကလေးသည်လည်း မင်္ဂလာရှိ၏။
43. ကျွန်မသခင်၏မယ်တော်သည် ကျွန်မထံသို့ရောက်လာသောကျေးဇူးကို အဘယ်ကြောင့် ကျွန်မခံရပါသနည်း။
44. အမှန်စင်စစ် သင်၏နှုတ်ဆက်စကားကို ကျွန်မကြားရသောအခါ ကျွန်မ၏ကလေးငယ်သည် ရွှင်မြူးခြင်းဖြင့် ဝမ်းထဲ၌ခုန်ပါ၏။