37. ဘုရားသခင်အတွက် မဖြစ်နိုင်သောအရာတစ်စုံတစ်ခုမျှမရှိ”ဟု ပြန်၍မြွက်ဆိုလေ၏။
38. ထိုအခါ မာရိက “ကျွန်မသည် ထာဝရဘုရား၏အစေအပါးဖြစ်ပါ၏။ အရှင်၏စကားအတိုင်း ကျွန်မ၌ဖြစ်ပါစေ”ဟု ဝန်ခံ၏။ ထို့နောက် ကောင်းကင်တမန်သည် မာရိထံမှ ထွက်ခွာသွားလေ၏။
39. ထိုနေ့ရက်များတွင် မာရိသည်ထ၍ တောင်ပေါ်ဒေသ၌ရှိသော ယုဒပြည်၏မြို့တစ်မြို့သို့ အလျင်အမြန်သွား၍
40. ဇာခရိအိမ်သို့ဝင်ကာ အဲလစ်ဇဘက်ကိုနှုတ်ဆက်လေ၏။
41. မာရိ၏နှုတ်ဆက်စကားကို အဲလစ်ဇဘက်ကြားရသောအခါ သူ၏ကလေးငယ်သည် ဝမ်းထဲ၌ခုန်လေ၏။ အဲလစ်ဇဘက်သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက်
42. “သင်သည် မိန်းမတို့တွင် မင်္ဂလာရှိ၏။ သင်၏ဝမ်းတွင်းမှကလေးသည်လည်း မင်္ဂလာရှိ၏။
43. ကျွန်မသခင်၏မယ်တော်သည် ကျွန်မထံသို့ရောက်လာသောကျေးဇူးကို အဘယ်ကြောင့် ကျွန်မခံရပါသနည်း။
44. အမှန်စင်စစ် သင်၏နှုတ်ဆက်စကားကို ကျွန်မကြားရသောအခါ ကျွန်မ၏ကလေးငယ်သည် ရွှင်မြူးခြင်းဖြင့် ဝမ်းထဲ၌ခုန်ပါ၏။
45. မိမိအား ထာဝရဘုရားမိန့်တော်မူသောအရာများပြည့်စုံမည်ဟု ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏”ဟု ကျယ်လောင်သောအသံဖြင့် အော်ဟစ်ပြောဆိုလေ၏။
46. မာရိကလည်း “ငါ၏စိတ်နှလုံးသည် ထာဝရဘုရားကိုချီးမွမ်း၍
47. ငါ့ဝိညာဉ်သည် ငါ၏ကယ်တင်ရှင်ဘုရားသခင်၌ ရွှင်မြူး၏။
48. အကြောင်းမူကား ကိုယ်တော်သည် မိမိအစေအပါး၏သိမ်ငယ်သောအဖြစ်ကို ဂရုစိုက်တော်မူပြီ။ ယခုမှစ၍ နောင်လာနောက်သားအပေါင်းတို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟု ခေါ်ကြလိမ့်မည်။