ရှင်​လု​ကာ​ခ​ရစ်​ဝင် 1:28-36 Myanmar Standard Bible (MSB)

3-4. အ​လုံး​စုံ​တို့​ကို အ​စ​မှ​စ​၍ သေ​ချာ​စွာ​စိ​စစ်​လေ့​လာ​ခဲ့​သော​ငါ​သည်​လည်း အ​သင် သင်​ယူ​ခဲ့​ပြီး​သော​အ​ကြောင်း​အ​ရာ​များ ဧ​ကန်​အ​မှန်​ဖြစ်​ကြောင်း​သိ​ရှိ​စေ​ရန် ၎င်း​တို့​ကို အ​သင့်​ထံ အ​စဉ်​လိုက်​ရေး​သား​သင့်​သည်​ဟု​ထင်​မှတ်​ပါ​၏။

28. ကောင်း​ကင်​တ​မန်​သည် မာ​ရိ​ထံ​သို့​ဝင်​လာ​၍ “ကျေး​ဇူး​တော်​ခံ​စား​ရ​သော​အ​မျိုး​သ​မီး၊ သင်​သည်​မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​၏”​ဟု မြွက်​ဆို​လေ​၏။

29. မာ​ရိ​သည် ထို​စ​ကား​ကြောင့် စိတ်​မ​ငြိမ်​မ​သက်​ဖြစ်​ပြီး ဤ​နှုတ်​ဆက်​ခြင်း​သည် မည်​သည့်​အ​ရာ​ကို​ဆို​လို​သ​နည်း​ဟု တွေး​တော​ဆင်​ခြင်​လျက်​နေ​၏။

30. ကောင်း​ကင်​တ​မန်​က​လည်း “မာ​ရိ၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ အ​ကြောင်း​မူ​ကား သင်​သည် ဘု​ရား​သ​ခင်​ထံ​မှ ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​လေ​ပြီ။

31. သင်​သည် သန္ဓေ​တည်​၍ သား​ယောက်ျား​ကို​ဖွား​မြင်​လိမ့်​မည်။ သူ​၏​အ​မည်​ကို ယေ​ရှု​ဟူ​၍​မှည့်​ခေါ်​ရ​မည်။

32. သူ​သည် ကြီး​မြတ်​သော​သူ​ဖြစ်​မည်။ အ​မြင့်​ဆုံး​သော​ဘု​ရား​၏​သား​တော်​ဟူ​၍​လည်း ခေါ်​ဝေါ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သူ့​အား သူ့​အ​ဖ​ဒါ​ဝိဒ်​၏​ရာ​ဇ​ပလ္လင်​ကို​ပေး​တော်​မူ​၍

33. သူ​သည် ယာ​ကုပ်​အ​မျိုး​ကို ကာ​လ​အ​စဉ်​အ​ဆက်​အုပ်​ချုပ်​လိမ့်​မည်။ သူ​၏​နိုင်​ငံ​တော်​သည်​လည်း​အ​ဆုံး​မ​ရှိ အ​စဉ်​တည်​လိမ့်​မည်”​ဟု မြွက်​ဆို​လေ​၏။

34. မာ​ရိ​က​လည်း “ကျွန်​မ​သည် ယောက်ျား​နှင့်​ဆက်​ဆံ​ခြင်း​မ​ရှိ​သည်​ဖြစ်​၍ ဤ​အ​မှု​အ​ရာ​သည် မည်​သို့​ဖြစ်​လိမ့်​မည်​နည်း”​ဟု ကောင်း​ကင်​တ​မန်​အား မေး​လေ​၏။

35. ကောင်း​ကင်​တ​မန်​က​လည်း “သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင့်​အ​ပေါ်​သက်​ရောက်​တော်​မူ​၍ အ​မြင့်​ဆုံး​သော​ဘု​ရား​၏​တန်​ခိုး​တော်​သည် သင့်​ကို​လွှမ်း​မိုး​လိမ့်​မည်။ ထို့​ကြောင့် ဖွား​မြင်​လာ​မည့်​သန့်​ရှင်း​သော​သူ​ငယ်​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ဟု ခေါ်​ဝေါ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

36. ကြည့်​လော့။ သင်​၏​အ​ဆွေ​အ​မျိုး အဲ​လစ်​ဇ​ဘက်​သည်​လည်း အို​မင်း​သော​အ​ရွယ်​၌ သား​ယောက်ျား​ကို​သန္ဓေ​တည်​၍ အ​မြုံ​မ​ဟု​အ​ခေါ်​ခံ​ရ​သော​သူ​သည် ယ​ခု ကိုယ်​ဝန်​ခြောက်​လ​ရှိ​နေ​ပြီ။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 1