ရှင်​လု​ကာ​ခ​ရစ်​ဝင် 1:1-2-8 Myanmar Standard Bible (MSB)

1-2. မြတ်​သော​သော်​ဖိ​လု၊ ငါ​တို့​၌ ထင်​ရှား​ပြည့်​စုံ​ခဲ့​သော​အ​ကြောင်း​အ​ရာ​များ​ကို မူ​လ​မျက်​မြင်​သက်​သေ​များ​နှင့် နှုတ်​က​ပတ်​တ​ရား​တော်​၏​အ​မှု​ကို​ဆောင်​ရွက်​သော​သူ​တို့​က ငါ​တို့​အား​ဟော​ပြော​ခဲ့​သည့်​အ​တိုင်း စီ​ကုံး​ရေး​သား​ရန် လူ​အ​များ​တို့​သည် ကြိုး​စား​ကြ​သည်​ဖြစ်​၍

3-4. အ​လုံး​စုံ​တို့​ကို အ​စ​မှ​စ​၍ သေ​ချာ​စွာ​စိ​စစ်​လေ့​လာ​ခဲ့​သော​ငါ​သည်​လည်း အ​သင် သင်​ယူ​ခဲ့​ပြီး​သော​အ​ကြောင်း​အ​ရာ​များ ဧ​ကန်​အ​မှန်​ဖြစ်​ကြောင်း​သိ​ရှိ​စေ​ရန် ၎င်း​တို့​ကို အ​သင့်​ထံ အ​စဉ်​လိုက်​ရေး​သား​သင့်​သည်​ဟု​ထင်​မှတ်​ပါ​၏။

5. ယု​ဒ​နယ်​ကို​အုပ်​ချုပ်​သော ဟေ​ရုဒ်​မင်း​ကြီး​လက်​ထက်​တွင် ဇာ​ခ​ရိ​အ​မည်​ရှိ​သော အ​ဘိ​ယ​အ​ဖွဲ့​ဝင်​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​ရှိ​၏။ သူ​၏​ဇ​နီး​သည် အာ​ရုန်​၏​အ​မျိုး​မှ​ဆင်း​သက်​သူ​ဖြစ်​ပြီး သူ​၏​အ​မည်​မှာ အဲ​လစ်​ဇ​ဘက်​ဖြစ်​၏။

6. သူ​တို့​နှစ်​ဦး​စ​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​နှင့်​ပြဋ္ဌာန်း​ချက်​ရှိ​သ​မျှ​တို့​ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​လျှောက်​လျက် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ဖြောင့်​မတ်​သော​သူ​များ​ဖြစ်​ကြ​၏။

7. သို့​သော် အဲ​လစ်​ဇ​ဘက်​သည် အ​မြုံ​ဖြစ်​၍ သူ​တို့​၌​သား​သ​မီး​မ​ရှိ။ သူ​တို့​နှစ်​ဦး​စ​လုံး​သည်​လည်း အ​သက်​ကြီး​ရင့်​နေ​ကြ​ပြီ​ဖြစ်​၏။

8. တစ်​ခါ​က ဇာ​ခ​ရိ​သည် မိ​မိ​၏​အ​ဖွဲ့ အ​လှည့်​ကျ​သ​ဖြင့် ဘု​ရား​သ​ခင်​ရှေ့​တော်​၌​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​ရွက်​နေ​စဉ်

54-55. ကိုယ်​တော်​သည် ငါ​တို့​ဘိုး​ဘေး​များ​အား​မိန့်​တော်​မူ​သည့်​အ​တိုင်း အာ​ဗြ​ဟံ​မှ​စ​၍ သူ​၏​အ​မျိုး​အ​နွယ်​အ​ပေါ် ကာ​လ​အ​စဉ်​အ​ဆက်​ထား​ရှိ​သော​က​ရု​ဏာ​တော်​ကို​အောက်​မေ့​၍ မိ​မိ​၏​အ​စေ​ခံ​အစ္စ​ရေး​လူ​မျိုး​ကို ကူ​ညီ​မ​စ​တော်​မူ​ပြီ”​ဟု ဆို​၏။

69-70. မိ​မိ​၏​ရှေး​သန့်​ရှင်း​သော​ပ​ရော​ဖက်​များ​၏​နှုတ်​အား​ဖြင့် မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ငါ​တို့​အ​တွက် ကယ်​တင်​ခြင်း​ဦး​ချို​ကို ကိုယ်​တော်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အ​မျိုး​အ​နွယ်​တွင် ပေါ်​ထွန်း​စေ​တော်​မူ​ပြီ။

72-75. ဤ​သည်​ကား ငါ​တို့​၏​ဘိုး​ဘေး​များ​အ​ပေါ် က​ရု​ဏာ​တော်​ကို​ပြ​သ​တော်​မူ​ရန်​နှင့် ငါ​တို့​ကို ရန်​သူ​တို့​လက်​မှ​ကယ်​နုတ်​၍ အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ကြောက်​ရွံ့​ခြင်း​မ​ရှိ​ဘဲ ရှေ့​တော်​၌ သန့်​ရှင်း​ခြင်း​နှင့်​ဖြောင့်​မတ်​ခြင်း​တို့​ဖြင့် ကိုယ်​တော်​ကို ဝတ်​ပြု​ရ​သော​အ​ခွင့်​ပေး​မည်​ဟု ငါ​တို့​အ​ဖ​အာ​ဗြ​ဟံ​အား တိုင်​တည်​၍​မိန့်​တော်​မူ​သည့် က​တိ​သစ္စာ​တည်း​ဟူ​သော ကိုယ်​တော်​၏​သန့်​ရှင်း​သော​ပ​ဋိ​ညာဉ်​ကို အောက်​မေ့​တော်​မူ​ရန်​ဖြစ်​၏။

76-77. အ​ချင်း​သူ​ငယ်၊ သင်​သည်​လည်း အ​မြင့်​ဆုံး​သော​ဘု​ရား​၏​ပ​ရော​ဖက်​ဟု​ခေါ်​ဝေါ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား သင်​သည် ထာ​ဝ​ရ​ဘု​ရား​၏​လမ်း​တော်​ကို​ပြင်​ဆင်​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​အား​ဖြင့်​သက်​ရောက်​သော ကယ်​တင်​ခြင်း​နှင့်​ဆိုင်​သည့်​အ​သိ​ပ​ညာ​ကို​ပေး​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏​ရှေ့​တော်​၌ သွား​လိမ့်​မည်။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 1