1-2. မြတ်သောသော်ဖိလု၊ ငါတို့၌ ထင်ရှားပြည့်စုံခဲ့သောအကြောင်းအရာများကို မူလမျက်မြင်သက်သေများနှင့် နှုတ်ကပတ်တရားတော်၏အမှုကိုဆောင်ရွက်သောသူတို့က ငါတို့အားဟောပြောခဲ့သည့်အတိုင်း စီကုံးရေးသားရန် လူအများတို့သည် ကြိုးစားကြသည်ဖြစ်၍
5. ယုဒနယ်ကိုအုပ်ချုပ်သော ဟေရုဒ်မင်းကြီးလက်ထက်တွင် ဇာခရိအမည်ရှိသော အဘိယအဖွဲ့ဝင်ယဇ်ပုရောဟိတ်တစ်ပါးရှိ၏။ သူ၏ဇနီးသည် အာရုန်၏အမျိုးမှဆင်းသက်သူဖြစ်ပြီး သူ၏အမည်မှာ အဲလစ်ဇဘက်ဖြစ်၏။
6. သူတို့နှစ်ဦးစလုံးသည် ထာဝရဘုရား၏ပညတ်တော်နှင့်ပြဋ္ဌာန်းချက်ရှိသမျှတို့ကို တစ်သဝေမတိမ်းလိုက်လျှောက်လျက် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူများဖြစ်ကြ၏။
7. သို့သော် အဲလစ်ဇဘက်သည် အမြုံဖြစ်၍ သူတို့၌သားသမီးမရှိ။ သူတို့နှစ်ဦးစလုံးသည်လည်း အသက်ကြီးရင့်နေကြပြီဖြစ်၏။
8. တစ်ခါက ဇာခရိသည် မိမိ၏အဖွဲ့ အလှည့်ကျသဖြင့် ဘုရားသခင်ရှေ့တော်၌ယဇ်ပုရောဟိတ်အမှုကိုဆောင်ရွက်နေစဉ်
9. ယဇ်ပုရောဟိတ်အဖွဲ့၏ဓလေ့ထုံးစံအတိုင်းမဲချကြရာ ထာဝရဘုရား၏ဗိမာန်တော်အတွင်းသို့ဝင်၍ နံ့သာပေါင်းကိုမီးရှို့ပူဇော်ရန် သူ၌တာဝန်ကျလေ၏။
10. နံ့သာပေါင်းမီးရှို့ပူဇော်သည့်အချိန်တွင် လူအစုအဝေးအပေါင်းတို့သည် အပြင်၌ဆုတောင်းနေကြ၏။
11. ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် ဇာခရိရှေ့၌ပေါ်လာ၍ နံ့သာပေါင်းမီးရှို့ပူဇော်ရာယဇ်ပလ္လင်၏လက်ယာဘက်တွင် ရပ်လေ၏။
12. ဇာခရိသည်မြင်လျှင် တုန်လှုပ်ချောက်ချား၍ ကြောက်ရွံ့လေ၏။