ရှင်​လု​ကာ​ခ​ရစ်​ဝင် 1:11-25 Myanmar Standard Bible (MSB)

11. ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ဇာ​ခ​ရိ​ရှေ့​၌​ပေါ်​လာ​၍ နံ့​သာ​ပေါင်း​မီး​ရှို့​ပူ​ဇော်​ရာ​ယဇ်​ပလ္လင်​၏​လက်​ယာ​ဘက်​တွင် ရပ်​လေ​၏။

12. ဇာ​ခ​ရိ​သည်​မြင်​လျှင် တုန်​လှုပ်​ချောက်​ချား​၍ ကြောက်​ရွံ့​လေ​၏။

13. ကောင်း​ကင်​တ​မန်​က “ဇာ​ခ​ရိ၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ သင်​၏​ဆု​တောင်း​သံ​ကို ဘု​ရား​သ​ခင်​နား​ညောင်း​တော်​မူ​ပြီ။ သင်​၏​ဇ​နီး​အဲ​လစ်​ဇ​ဘက်​သည် သား​ယောက်ျား​ကို​ဖွား​မြင်​လိမ့်​မည်။ ထို​သား​၏​အ​မည်​ကို ယော​ဟန်​ဟု​မှည့်​ခေါ်​ရ​မည်။

14. သူ​သည် သင့်​အ​တွက် ဝမ်း​မြောက်​ခြင်း​နှင့်​ရွှင်​မြူး​ခြင်း​ဖြစ်​မည်။ လူ​များ​စွာ​တို့​သည်​လည်း သူ​၏​ဖွား​မြင်​ခြင်း​အ​တွက် ဝမ်း​မြောက်​ကြ​လိမ့်​မည်။

15. အ​ကြောင်း​မူ​ကား သူ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ ကြီး​မြတ်​သော​သူ​ဖြစ်​လာ​မည်။ စ​ပျစ်​ဝိုင်​နှင့်​သေ​ရည်​သေ​ရက်​တို့​ကို​လည်း မ​သောက်​ဘဲ​နေ​၍ အ​မိ​ဝမ်း​တွင်း​၌​ရှိ​စဉ်​က​ပင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လိမ့်​မည်။

16. သူ​သည် များ​စွာ​သော​အစ္စ​ရေး​အ​မျိုး​သား​တို့​ကို မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ ပြန်​လည်​ပို့​ဆောင်​၍

17. အ​ဖ​တို့​၏​စိတ်​နှ​လုံး​တို့​ကို သား​သ​မီး​တို့​ထံ​သို့​လည်း​ကောင်း၊ နာ​ခံ​ခြင်း​မ​ရှိ​သော​သူ​တို့​ကို ဖြောင့်​မတ်​သော​သူ​တို့​၏​အ​သိ​ပ​ညာ​ထဲ​သို့​လည်း​ကောင်း ပြန်​လှည့်​လာ​စေ​ရန်​နှင့် ပြင်​ဆင်​ထား​သော​လူ​မျိုး​တော်​ကို ထာ​ဝ​ရ​ဘု​ရား​အ​တွက်​အ​သင့်​ဖြစ်​စေ​ရန် ဧ​လိ​ယ​၏​ဝိ​ညာဉ်​နှင့်​တန်​ခိုး​တို့​ဖြင့် ကိုယ်​တော်​၏​ရှေ့​တော်​မှ ဦး​စွာ​သွား​နှင့်​မည်”​ဟု မြွက်​ဆို​လေ​၏။

18. ဇာ​ခ​ရိ​က​လည်း “အ​ကျွန်ုပ်​သည် အို​မင်း​သူ​ဖြစ်​ပြီး အ​ကျွန်ုပ်​၏​ဇ​နီး​သည်​လည်း အ​သက်​ကြီး​ရင့်​နေ​ပါ​သ​ဖြင့် ဤ​သို့​ဖြစ်​မည်​ကို မည်​သို့​သိ​နိုင်​ပါ​မည်​နည်း”​ဟု ကောင်း​ကင်​တ​မန်​အား ပြန်​ပြော​လေ​၏။

19. ကောင်း​ကင်​တ​မန်​က​လည်း “ငါ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌​ခ​စား​ရ​သော ဂါ​ဗြေ​လ​ဖြစ်​၏။ သင့်​ကို​နှုတ်​ဆက်​၍ ဤ​ဝမ်း​မြောက်​ဖွယ်​သ​တင်း​ကို​ပြော​ကြား​ရန် ငါ​သည် သင့်​ထံ​သို့​စေ​လွှတ်​ခြင်း​ခံ​ရ​၏။

20. သင်​သည် မိ​မိ​အ​ချိန်​ရောက်​လျှင် ပြည့်​စုံ​မည့် ငါ​၏​စ​ကား​ကို​မ​ယုံ​သော​ကြောင့် ဤ​အ​ရာ​များ​ပြည့်​စုံ​သည့်​နေ့​တိုင်​အောင် စ​ကား​မ​ပြော​နိုင်​ဘဲ ဆွံ့​အ​လျက်​နေ​လိမ့်​မည်”​ဟု ပြန်​၍​မြွက်​ဆို​လေ​၏။

21. လူ​တို့​သည် ဇာ​ခ​ရိ​ကို​စောင့်​မျှော်​နေ​၍ သူ​သည်​ဗိ​မာန်​တော်​ထဲ​၌​ကြန့်​ကြာ​နေ​သည်​ကို အံ့​သြ​ကြ​၏။

22. သို့​သော် ဇာ​ခ​ရိ​ပြန်​ထွက်​လာ​သော​အ​ခါ သူ​တို့​အား​စ​ကား​မ​ပြော​နိုင်​သော​ကြောင့် သူ​သည် ဗိ​မာန်​တော်​ထဲ​၌ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​ရ​ပြီ​ဟု သိ​ရှိ​သွား​ကြ​၏။ ဇာ​ခ​ရိ​သည် သူ​တို့​အား ကိုယ်​လက်​အ​မူ​အ​ရာ​ကို​သာ​ပြ​၍ ဆွံ့​အ​လျက်​နေ​၏။

23. ထို့​နောက် သူ​သည် တာ​ဝန်​ထမ်း​ဆောင်​ရ​သည့်​နေ့​ရက်​များ​ပြီး​ဆုံး​သွား​သ​ဖြင့် မိ​မိ​အိမ်​သို့​ပြန်​သွား​လေ​၏။

24. ထို​နေ့​ရက်​များ​နောက်​တွင် သူ​၏​ဇ​နီး​အဲ​လစ်​ဇ​ဘက်​သည် သန္ဓေ​တည်​၍ ငါး​လ​ပတ်​လုံး အိမ်​တွင်း​၌​အောင်း​လျက်​နေ​၏။

25. အဲ​လစ်​ဇ​ဘက်​က “ထာ​ဝ​ရ​ဘု​ရား​သည် လူ​တို့​အ​လယ်​၌ ငါ​ခံ​ရ​သော​ကဲ့​ရဲ့​ရှုတ်​ချ​ခြင်း​ကို​ဖယ်​ရှား​ရန် ငါ့​ကို​ဂ​ရု​ပြု​တော်​မူ​သည့်​နေ့​ရက်​များ​၌ ဤ​သို့​ပြု​တော်​မူ​ပြီ”​ဟု ဆို​လေ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 1