ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5:13-15 Myanmar Standard Bible (MSB)

13. ဘု​ရား​သ​ခင့်​သား​တော်​၏​နာ​မ​တော်​ကို​ယုံ​ကြည်​သော​သင်​တို့​ထံ ဤ​အ​ရာ​များ​ကို ငါ​ရေး​လိုက်​ခြင်း​မှာ သင်​တို့​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​ပြီ​ဖြစ်​ကြောင်း သင်​တို့​သိ​ကြ​စေ​ရန်​ဖြစ်​၏။

14. ဘု​ရား​သ​ခင်​၌ ငါ​တို့​ထား​ရှိ​သော​ယုံ​ကြည်​စိတ်​ချ​မှု​ကား ငါ​တို့​သည် အ​လို​တော်​နှင့်​အ​ညီ တစ်​စုံ​တစ်​ခု​ကို​တောင်း​လျှောက်​လျှင် ဘု​ရား​သ​ခင်​သည်​နား​ညောင်း​တော်​မူ​၏​ဟူ​၍​ဖြစ်​၏။

15. ငါ​တို့​တောင်း​လျှောက်​သ​မျှ​ကို ကိုယ်​တော်​နား​ညောင်း​တော်​မူ​ကြောင်း ငါ​တို့​သိ​လျှင် ကိုယ်​တော်​ထံ​တောင်း​လျှောက်​ခဲ့​သော​အ​ရာ​များ​ကို ငါ​တို့​ရ​ရှိ​ပြီ​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။

ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5