ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 4:1-3 Myanmar Standard Bible (MSB)

1. ချစ်​ရ​သော​သူ​တို့၊ များ​စွာ​သော​ပ​ရော​ဖက်​အ​တု​အ​ယောင်​တို့​သည် ဤ​လော​က​၌ ပေါ်​လာ​ကြ​ပြီ​ဖြစ်​သော​ကြောင့် ဝိ​ညာဉ်​တိုင်း​ကို​မ​ယုံ​ဘဲ ထို​ဝိ​ညာဉ်​တို့​သည် ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​သည်​မ​စပ်​ဆိုင်​သည်​ကို စစ်​ဆေး​ကြ​လော့။

2. ယေ​ရှု​ခ​ရစ်​တော်​သည် လူ​သား​အ​ဖြစ်​ဖြင့်​ကြွ​လာ​တော်​မူ​ခဲ့​သည်​ကို ဝန်​ခံ​သော​ဝိ​ညာဉ်​တိုင်း​သည် ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​၏။ ဤ​သို့​သော​အား​ဖြင့် ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​ကို ငါ​တို့​သိ​ကြ​၏။

3. ယေ​ရှု​ကို​ဝန်​မ​ခံ​သော​ဝိ​ညာဉ်​တိုင်း​သည် ဘု​ရား​သ​ခင်​နှင့်​မ​စပ်​ဆိုင်။ ထို​သို့​သော​ဝိ​ညာဉ်​သည် လာ​တော့​မည်​ဟု သင်​တို့​ကြား​ခဲ့​သည့်​အ​တိုင်း ယ​ခု ဤ​လော​က​၌​ရှိ​နှင့်​ပြီ​ဖြစ်​သော ခ​ရစ်​တော်​ကို​ဆန့်​ကျင်​အန်​တု​သူ​၏​ဝိ​ညာဉ်​ဖြစ်​၏။

ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 4