ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 9:31-37 Myanmar Standard Bible (MSB)

31. ဘု​ရား​သ​ခင်​သည် အ​ပြစ်​သား​တို့​ကို​နား​ညောင်း​တော်​မ​မူ။ သို့​သော် မည်​သူ​မ​ဆို ဘု​ရား​သ​ခင်​ကို​ရို​သေ​လေး​မြတ်​၍ အ​လို​တော်​ကို​ဆောင်​ရွက်​လျှင် ထို​သူ​ကို​ဘု​ရား​သ​ခင်​နား​ညောင်း​တော်​မူ​ကြောင်း အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။

32. မွေး​ရာ​ပါ​မျက်​မ​မြင်​ဖြစ်​သော​သူ​ကို တစ်​စုံ​တစ်​ယောက်​က မျက်​စိ​မြင်​စေ​ခဲ့​သည်​ဟူ​သော​အ​ကြောင်း​ကို ကမ္ဘာ​ဦး​မှ​စ​၍ မ​ကြား​ခဲ့​ဖူး​ပါ။

33. ထို​သူ​သည် ဘု​ရား​သ​ခင်​ထံ​မှ​လာ​သော​သူ​မ​ဟုတ်​လျှင် မည်​သည့်​အ​ရာ​ကို​မျှ ပြု​နိုင်​ခဲ့​မည်​မ​ဟုတ်”​ဟု ဆို​၏

34. ဂျူး​လူ​မျိုး​တို့​က​လည်း “သင်​သည် တစ်​ကိုယ်​လုံး​အ​ပြစ်​နှင့်​ပြည့်​နှက်​ပြီး မွေး​ဖွား​လာ​သူ​ဖြစ်​လျက်​နှင့် ငါ​တို့​ကို​သွန်​သင်​မည်​လော”​ဟု ပြန်​၍​ပြော​ဆို​ကာ သူ့​ကို အ​ပြင်​သို့​နှင်​ထုတ်​လိုက်​ကြ​၏။

35. ဂျူး​လူ​မျိုး​တို့​သည် သူ့​ကို အ​ပြင်​သို့​နှင်​ထုတ်​လိုက်​ကြောင်း ယေ​ရှု​ကြား​တော်​မူ​၍ သူ့​ကို​တွေ့​ရှိ​လျှင် “သင်​သည် လူ့​သား​ကို​ယုံ​ကြည်​သ​လော”​ဟု မေး​တော်​မူ​၏။

36. သူ​က​လည်း “သ​ခင်​ဘု​ရား၊ သူ့​ကို​ယုံ​ကြည်​နိုင်​ရန် ထို​သူ​မည်​သူ​ဖြစ်​သည်​ကို သိ​လို​ပါ​၏”​ဟု ပြန်​လျှောက်​လေ​၏။

37. ယေ​ရှု​က “သင်​သည် သူ့​ကို​မြင်​ပြီး​သည်​သာ​မ​က ယ​ခု​သင်​နှင့်​စ​ကား​ပြော​နေ​သော​သူ​သည် လူ့​သား​ပင်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 9