ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 9:11-14 Myanmar Standard Bible (MSB)

11. ထို​သူ​က “ယေ​ရှု​ဟု​ခေါ်​သော​သူ​တစ်​ဦး​သည် ရွှံ့​လုပ်​၍ အ​ကျွန်ုပ်​၏​မျက်​စိ​ကို​လူး​လျက် ‘ရှိ​လောင်​ရေ​ကန်​သို့​သွား​၍ ဆေး​လော့’​ဟု ဆို​သည့်​အ​တိုင်း အ​ကျွန်ုပ်​သွား​၍​ဆေး​လိုက်​ရာ မျက်​စိ​မြင်​လာ​ပါ​သည်”​ဟု ဖြေ​ကြား​၏။

12. သူ​တို့​က​လည်း “ထို​သူ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း”​ဟု မေး​မြန်း​ကြ​သော် သူ​က “အ​ကျွန်ုပ်​မ​သိ​ပါ”​ဟု ဆို​၏။

13. လူ​တို့​သည် ယ​ခင်​က မျက်​မ​မြင်​ဖြစ်​ခဲ့​သော​ထို​သူ​ကို ဖာ​ရိ​ရှဲ​တို့​ထံ​သို့​ခေါ်​သွား​ကြ​၏။

14. ယေ​ရှု​သည် ရွှံ့​လုပ်​၍ ထို​သူ​ကို​မျက်​စိ​မြင်​အောင်​ပြု​လုပ်​တော်​မူ​သော​နေ့​ကား ဥ​ပုသ်​နေ့​ဖြစ်​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 9