ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 8:21-24 Myanmar Standard Bible (MSB)

21. တစ်​ဖန် ကိုယ်​တော်​က “ငါ​သည်​သွား​ရ​တော့​မည်။ သင်​တို့​ကား ငါ့​ကို​ရှာ​လျက် ကိုယ့်​အ​ပြစ်​၌​သေ​ကြ​လိမ့်​မည်။ ငါ​သွား​ရာ​အ​ရပ်​သို့ သင်​တို့​မ​လာ​နိုင်​ကြ”​ဟု မိန့်​တော်​မူ​၏။

22. ထို​အ​ခါ ဂျူး​လူ​မျိုး​တို့​က “သူ​သည် ‘ငါ​သွား​ရာ​အ​ရပ်​သို့ သင်​တို့​မ​လာ​နိုင်​ကြ’​ဟု​ဆို​ခြင်း​မှာ သူ့​ကိုယ်​သူ သတ်​သေ​လိမ့်​မည်​လော”​ဟု ပြော​ဆို​ကြ​၏။

23. ယေ​ရှု​က​လည်း “သင်​တို့​သည် အောက်​အ​ရပ်​နှင့်​ဆိုင်​၏။ ငါ​မူ​ကား အ​ထက်​အ​ရပ်​နှင့်​ဆိုင်​၏။ သင်​တို့​သည် ဤ​လော​က​နှင့်​ဆိုင်​၏။ ငါ​မူ​ကား ဤ​လော​က​နှင့်​မ​ဆိုင်။

24. ထို့​ကြောင့် သင်​တို့​သည် မိ​မိ​တို့​အ​ပြစ်​များ​၌​သေ​ကြ​လိမ့်​မည်​ဟု ငါ​ဆို​ခဲ့​၏။ အ​ကြောင်း​မူ​ကား ငါ​သည် ထို​အ​ရှင်​ဖြစ်​ကြောင်း​ကို သင်​တို့​မ​ယုံ​ကြည်​လျှင် သင်​တို့​သည် မိ​မိ​တို့​အ​ပြစ်​များ​၌ သေ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 8