ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 7:11-14 Myanmar Standard Bible (MSB)

11. ထို​ပွဲ​တော်​တွင် ဂျူး​လူ​မျိုး​တို့​သည် ကိုယ်​တော်​ကို​လိုက်​ရှာ​လျက် “ထို​သူ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း”​ဟု မေး​မြန်း​ကြ​၏။

12. လူ​ထု​ပ​ရိ​သတ်​တို့​ထဲ​တွင် ကိုယ်​တော်​နှင့်​ပတ်​သက်​၍ အ​မျိုး​မျိုး​တီး​တိုး​ပြော​ဆို​နေ​ကြ​၏။ လူ​အ​ချို့​တို့​က “သူ​သည် သူ​တော်​ကောင်း​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ အ​ခြား​သော​သူ​တို့​က​မူ “မ​ဟုတ်​ပါ။ သူ​သည် လူ​ထု​ပ​ရိ​သတ်​ကို​လှည့်​ဖြား​နေ​သည်”​ဟု ဆို​ကြ​၏။

13. သို့​ရာ​တွင် ဂျူး​လူ​မျိုး​တို့​ကို​ကြောက်​ကြ​သော​ကြောင့် မည်​သူ​မျှ ကိုယ်​တော်​အ​ကြောင်း​ကို ပွင့်​လင်း​စွာ​မ​ပြော​ဆို​ကြ​ချေ။

14. ပွဲ​တော်​ကာ​လ ထက်​ဝက်​မျှ​လွန်​သော​အ​ခါ ယေ​ရှု​သည် ဗိ​မာန်​တော်​သို့​တက်​သွား​၍ သွန်​သင်​တော်​မူ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 7