ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 6:66-70 Myanmar Standard Bible (MSB)

66. ထို​အ​ချိန်​မှ​စ​၍ တ​ပည့်​တော်​တို့​ထဲ​မှ​အ​များ​စု​သည် ဆုတ်​ခွာ​သွား​ပြီး ကိုယ်​တော်​နှင့်​အ​တူ​မ​လိုက်​မ​ပါ​တော့​ဘဲ​နေ​ကြ​၏။

67. ထို​အ​ခါ ယေ​ရှု​သည် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​အား “သင်​တို့​လည်း ထွက်​ခွာ​သွား​လို​ကြ​သ​လော”​ဟု မေး​တော်​မူ​လျှင်

68. ရှိ​မုန်​ပေ​တ​ရု​က “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် မည်​သူ့​ထံ​သို့​သွား​ရ​မည်​နည်း။ ထာ​ဝ​ရ​အ​သက်​နှင့်​ဆိုင်​သော​စ​ကား​တို့​သည် ကိုယ်​တော်​၌​သာ​ရှိ​ပါ​၏။

69. ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​သူ​ဖြစ်​ကြောင်း​ကို​လည်း အ​ကျွန်ုပ်​တို့​ယုံ​ကြည်​သိ​ရှိ​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။

70. ယေ​ရှု​က​လည်း “တစ်​ဆယ့်​နှစ်​ပါး​သော​သင်​တို့​ကို ငါ​ရွေး​ကောက်​သည်​မ​ဟုတ်​လော။ သို့​ဖြစ်​ပါ​လျက်​နှင့် သင်​တို့​ထဲ​မှ​တစ်​ဦး​သည် မာရ်​နတ်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 6