41. ငါသည် လူတို့ပေးသော ဘုန်းအသရေကိုမခံမယူ။
42. မည်သို့ပင်ဖြစ်စေ သင်တို့၌ ဘုရားသခင်ကိုချစ်သောစိတ်မရှိကြောင်းကို ငါသိ၏။
43. ငါသည် ငါ့ခမည်းတော်၏နာမအားဖြင့် ရောက်လာသော်လည်း သင်တို့သည် ငါ့ကိုလက်မခံကြ။ အခြားသောသူသည် မိမိကိုယ်ပိုင်နာမအားဖြင့် ရောက်လာလျှင် ထိုသူကို သင်တို့လက်ခံကြလိမ့်မည်။
44. အချင်းချင်းပေးသော ဘုန်းအသရေကိုခံယူကြပြီး တစ်ဆူတည်းသောဘုရားသခင်ပေးသော ဘုန်းအသရေကိုမလိုလားသော သင်တို့သည် မည်သို့ယုံကြည်နိုင်ကြမည်နည်း။
45. ငါသည် ခမည်းတော်ရှေ့၌ သင်တို့ကိုစွပ်စွဲမည်ဟုမထင်ကြနှင့်။ သင်တို့ကိုစွပ်စွဲသူမှာ သင်တို့မျှော်လင့်အားထားသောမောရှေပင်ဖြစ်၏။