32. ကိုယ်တော်သည် မိမိမြင်ခဲ့၊ ကြားခဲ့ရသောအရာကို သက်သေခံသော်လည်း ကိုယ်တော်၏သက်သေခံချက်ကို မည်သူမျှလက်မခံကြ။
33. ကိုယ်တော်၏သက်သေခံချက်ကို လက်ခံသောသူကား ဘုရားသခင်သည်ဖြောင့်မှန်တော်မူကြောင်း တံဆိပ်ခတ်နှိပ်၏။
34. ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်များကိုမြွက်ဆိုတတ်၏။ အကြောင်းမူကား ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအဆမရှိပေးတော်မူ၏။