ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 3:23-26 Myanmar Standard Bible (MSB)

23. ယော​ဟန်​သည်​လည်း ရှာ​လိမ်​မြို့​အ​နီး အဲ​နုန်​အ​ရပ်​တွင် ရေ​များ​စွာ​ရှိ​သော​ကြောင့် ထို​အ​ရပ်​၌ ဗတ္တိ​ဇံ​ပေး​လျက်​နေ​သ​ဖြင့် လူ​တို့​သည်​လာ​၍ ဗတ္တိ​ဇံ​ခံ​ကြ​၏။

24. (ယော​ဟန်​သည် ထောင်​ထဲ​၌ ထည့်​ထား​ခြင်း​မ​ခံ​ရ​သေး​သော​ကြောင့်​ဖြစ်​၏။)

25. ထို​အ​ခါ ယော​ဟန်​၏​တ​ပည့်​တို့​သည် စင်​ကြယ်​ခြင်း​ဝတ်​နှင့်​ပတ်​သက်​၍ ဂျူး​လူ​မျိုး​တစ်​ဦး​နှင့်​ငြင်း​ခုံ​ဆွေး​နွေး​ကြ​၏။

26. သူ​တို့​သည် ယော​ဟန်​ထံ​သို့​လာ​၍ “ရဗ္ဗိ၊ ကြည့်​ပါ။ ဂျော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​၌ ရဗ္ဗိ​နှင့်​အ​တူ​ရှိ​၍ ရဗ္ဗိ​က သက်​သေ​ခံ​ပေး​ခဲ့​သူ​သည် ဗတ္တိ​ဇံ​ပေး​လျက်​နေ​သ​ဖြင့် လူ​အ​ပေါင်း​တို့​သည် သူ့​ထံ​သို့​သွား​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 3