21. သမ္မာတရားကိုကျင့်သုံးသောသူမူကား မိမိပြုသောအမှုများသည် ဘုရားသခင်အားဖြင့်ပြုခြင်းဖြစ်ကြောင်း ထင်ရှားစေရန် အလင်းထံသို့ချဉ်းကပ်၏”ဟု ပြန်၍မိန့်တော်မူ၏။
22. ထို့နောက် ယေရှုသည် တပည့်တော်တို့နှင့်တကွ ယုဒနယ်သို့ကြွတော်မူပြီး ထိုအရပ်၌ သူတို့နှင့်အတူနေလျက် ဗတ္တိဇံပေးတော်မူ၏။
23. ယောဟန်သည်လည်း ရှာလိမ်မြို့အနီး အဲနုန်အရပ်တွင် ရေများစွာရှိသောကြောင့် ထိုအရပ်၌ ဗတ္တိဇံပေးလျက်နေသဖြင့် လူတို့သည်လာ၍ ဗတ္တိဇံခံကြ၏။
24. (ယောဟန်သည် ထောင်ထဲ၌ ထည့်ထားခြင်းမခံရသေးသောကြောင့်ဖြစ်၏။)
25. ထိုအခါ ယောဟန်၏တပည့်တို့သည် စင်ကြယ်ခြင်းဝတ်နှင့်ပတ်သက်၍ ဂျူးလူမျိုးတစ်ဦးနှင့်ငြင်းခုံဆွေးနွေးကြ၏။