ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 21:9-14 Myanmar Standard Bible (MSB)

9. ဤ​သို့​ဖြင့် သူ​တို့​သည် ကုန်း​ပေါ်​သို့​ရောက်​ကြ​သော​အ​ခါ မီး​ခဲ​ပုံ​နှင့် ထို​မီး​ခဲ​ပုံ​ပေါ်​တင်​ထား​သော​ငါး​ကို​လည်း​ကောင်း၊ မုန့်​ကို​လည်း​ကောင်း တွေ့​ကြ​၏။

10. ယေ​ရှု​က “ယ​ခု​ဖမ်း​မိ​သော​ငါး​အ​ချို့​ကို ယူ​ခဲ့​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်​မူ​သ​ဖြင့်

11. ရှိ​မုန်​ပေ​တ​ရု​သည် လှေ​ပေါ်​သို့​တက်​၍ ပိုက်​ကွန်​ကို ကုန်း​ပေါ်​သို့​ဆွဲ​တင်​ရာ ငါး​ကြီး​တစ်​ရာ​ငါး​ဆယ့်​သုံး​ကောင်​နှင့်​ပြည့်​လျက်​ရှိ​၏။ ထို​မျှ​လောက်​များ​သော်​လည်း ပိုက်​ကွန်​သည်​မ​စုတ်​ပြဲ​ခဲ့​ပေ။

12. ယေ​ရှု​က “လာ​၍​နံ​နက်​စာ​ကို​စား​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည် သ​ခင်​ဘု​ရား​ဖြစ်​ကြောင်း သိ​ကြ​သော​ကြောင့် မည်​သူ​က​မျှ “အ​ရှင်​သည်​မည်​သူ​နည်း”​ဟု မ​မေး​ဝံ့​ကြ။

13. ယေ​ရှု​သည်​လာ​၍ မုန့်​ကို​ယူ​ပြီး​လျှင် သူ​တို့​အား​ပေး​တော်​မူ​၏။ ငါး​ကို​လည်း ထို​နည်း​တူ​ပေး​တော်​မူ​၏။

14. ဤ​သည်​ကား ယေ​ရှု​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​ပြီး​နောက် တ​ပည့်​တော်​တို့​အား တ​တိ​ယ​အ​ကြိမ် ကိုယ်​ထင်​ရှား​ပြ​တော်​မူ​ခြင်း​ဖြစ်​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 21