ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 19:39-42 Myanmar Standard Bible (MSB)

39. ယ​ခင်​က ယေ​ရှု​ထံ​သို့ ည​အ​ချိန်​လာ​ဖူး​သော နိ​ကော​ဒင်​သည်​လည်း မု​ရန်​နှင့်​အ​ကျော်​ရော​နှော​ထား​သော​နံ့​သာ ပိဿာ​နှစ်​ဆယ်​ခန့်​ကို ယူ​ဆောင်​၍​လာ​လေ​၏။

40. ထို​သူ​တို့​သည် ယေ​ရှု​၏​အ​လောင်း​တော်​ကို​ယူ​၍ ဂျူး​လူ​မျိုး​တို့​၏​သင်္ဂြိုဟ်​ခြင်း​ဆိုင်​ရာ ဓ​လေ့​ထုံး​စံ​အ​တိုင်း အ​လောင်း​တော်​ကို အ​မွှေး​နံ့​သာ​နှင့်​အ​တူ ပိတ်​ထည်​များ​ဖြင့်​ပတ်​စည်း​ကြ​၏။

41. လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ခြင်း​ခံ​တော်​မူ​သော​အ​ရပ်​တွင် ဥ​ယျာဉ်​တစ်​ခု​ရှိ​၍ ထို​ဥ​ယျာဉ်​၌ မည်​သူ့​ကို​မျှ မ​သင်္ဂြိုဟ်​ဖူး​သေး​သော သင်္ချိုင်း​ဂူ​သစ်​တစ်​ခု​ရှိ​၏။

42. ထို​နေ့​သည် ဂျူး​လူ​မျိုး​တို့​၏​ပြင်​ဆင်​ရာ​နေ့​ဖြစ်​ပြီး ထို​သင်္ချိုင်း​ဂူ​သည်​လည်း အ​နီး​တွင်​ရှိ​သော​ကြောင့် ယေ​ရှု​ကို ထို​ဂူ​၌​သင်္ဂြိုဟ်​ကြ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 19