ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 18:12-15 Myanmar Standard Bible (MSB)

12. ထို​အ​ခါ တပ်​ဖွဲ့​တစ်​ဖွဲ့၊ တပ်​မှူး​ကြီး​နှင့် ဂျူး​လူ​မျိုး​အ​စောင့်​တပ်​သား​တို့​သည် ယေ​ရှု​ကို​ဖမ်း​ဆီး​၍ ချည်​နှောင်​ကြ​ကာ

13. အန္နတ်​ထံ​သို့ ဦး​စွာ​ခေါ်​ဆောင်​သွား​ကြ​၏။ အ​ကြောင်း​မူ​ကား အန္နတ်​သည် ထို​နှစ်​တွင် ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သော က​ယာ​ဖ​၏​ယောက္ခ​မ​ဖြစ်​၏။

14. ထို​က​ယာ​ဖ​သည် “လူ​တစ်​ဦး​က လူ​ထု​ကိုယ်​စား​အ​သေ​ခံ​ခြင်း​သည် ပို​၍​ကောင်း​၏”​ဟု ဂျူး​လူ​မျိုး​တို့​အား အ​ကြံ​ပေး​ခဲ့​သူ​ဖြစ်​၏။

15. ရှိ​မုန်​ပေ​တ​ရု​နှင့် အ​ခြား​တ​ပည့်​တော်​တစ်​ပါး​သည် ယေ​ရှု​နောက်​တော်​သို့ လိုက်​သွား​ကြ​၏။ ထို​တ​ပည့်​တော်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အ​သိ​ဖြစ်​၍ ယေ​ရှု​နှင့်​အ​တူ ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ခြံ​ဝင်း​ထဲ​သို့ ဝင်​လေ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 18