ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 17:16-20 Myanmar Standard Bible (MSB)

16. အ​ကျွန်ုပ်​သည် ဤ​လော​က​နှင့်​မ​ဆိုင်​သ​ကဲ့​သို့ သူ​တို့​သည်​လည်း ဤ​လော​က​နှင့်​မ​ဆိုင်​ကြ​ပါ။

17. သမ္မာ​တ​ရား​အား​ဖြင့် သူ​တို့​ကို​သန့်​ရှင်း​စေ​တော်​မူ​ပါ။ ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည် သမ္မာ​တ​ရား​ဖြစ်​ပါ​၏။

18. ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ဤ​လော​က​ထဲ​သို့ စေ​လွှတ်​တော်​မူ​သ​ကဲ့​သို့ အ​ကျွန်ုပ်​သည် သူ​တို့​ကို ဤ​လော​က​ထဲ​သို့ စေ​လွှတ်​ပါ​၏။

19. သူ​တို့​သည်​လည်း သမ္မာ​တ​ရား​အား​ဖြင့် သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​ကြ​မည့်​အ​ကြောင်း အ​ကျွန်ုပ်​သည် သူ​တို့​အ​တွက် မိ​မိ​ကိုယ်​ကို​သန့်​ရှင်း​စေ​ပါ​၏။

20. သူ​တို့​အ​တွက်​သာ​မ​က​ဘဲ သူ​တို့​ဟော​ပြော​သော​သ​တင်း​စ​ကား​အား​ဖြင့် အ​ကျွန်ုပ်​ကို​ယုံ​ကြည်​လာ​သော​သူ​များ​အ​တွက်​လည်း အ​ကျွန်ုပ်​တောင်း​လျှောက်​ပါ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 17