ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 16:27-30 Myanmar Standard Bible (MSB)

27. အ​ကြောင်း​မူ​ကား သင်​တို့​သည် ငါ့​ကို​ချစ်​၍ ငါ​သည် ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ​သည်​ကို ယုံ​ကြည်​ကြ​သော​ကြောင့် ခ​မည်း​တော်​ကိုယ်​တော်​တိုင် သင်​တို့​ကို​ချစ်​တော်​မူ​၏။

28. ငါ​သည် ခ​မည်း​တော်​ထံ​မှ ကြွ​လာ​၍ ဤ​လော​က​သို့ ရောက်​ခဲ့​၏။ တစ်​ဖန် ဤ​လော​က​မှ ထွက်​ခွာ​၍ ခ​မည်း​တော်​ထံ​သို့ သွား​တော့​မည်”​ဟု မိန့်​တော်​မူ​၏။

29. တ​ပည့်​တော်​တို့​က “ယ​ခု ကိုယ်​တော်​သည် ပုံ​ဥ​ပ​မာ​ကို​မ​ဆောင်​တော့​ဘဲ အ​တိ​အ​လင်း​မြွက်​ဆို​တော်​မူ​၏။

30. ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို သိ​မြင်​တော်​မူ​၍ မည်​သူ​မျှ ကိုယ်​တော်​ကို မေး​လျှောက်​စ​ရာ​မ​လို​ကြောင်း ယ​ခု အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​ပြီ။ ဤ​အ​ကြောင်း​ကို​ထောက်​၍ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့​ယုံ​ကြည်​ကြ​ပါ​၏”​ဟု လျှောက်​ကြ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 16