ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 15:23-27 Myanmar Standard Bible (MSB)

23. ငါ့​ကို​မုန်း​သော​သူ​သည် ငါ့​ခ​မည်း​တော်​ကို​လည်း​မုန်း​၏။

24. အ​ခြား​မည်​သူ​မျှ မ​ပြု​ဖူး​သော​အ​မှု​များ​ကို သူ​တို့​ရှေ့​၌ ငါ​မ​ပြု​ခဲ့​လျှင် သူ​တို့​၌​အ​ပြစ်​မ​ရှိ။ ယ​ခု​မူ​ကား သူ​တို့​သည် ထို​အ​မှု​တို့​ကို​မြင်​ရ​လျက်​နှင့်​ပင် ငါ​နှင့်​ငါ့​ခ​မည်း​တော်​ကို မုန်း​ကြ​၏။

25. ဤ​သို့​ဖြစ်​ခြင်း​မှာ သူ​တို့​၏​ပ​ညတ်​တ​ရား​ကျမ်း​၌ ‘ထို​သူ​တို့​သည် အ​ကြောင်း​မဲ့ ငါ့​ကို​မုန်း​ကြ​၏’​ဟု ရေး​ထား​သော​စ​ကား ပြည့်​စုံ​စေ​ရန်​ဖြစ်​၏။

26. ခ​မည်း​တော်​ထံ​မှ သင်​တို့​ထံ​သို့ ငါ​စေ​လွှတ်​မည့် ကူ​ညီ​မ​စ​သူ​တည်း​ဟူ​သော ခ​မည်း​တော်​ထံ​မှ​လာ​သည့် သမ္မာ​တ​ရား​၏​ဝိ​ညာဉ်​တော်​ရောက်​လာ​သော​အ​ခါ ငါ့​အ​ကြောင်း​ကို သက်​သေ​ခံ​လိမ့်​မည်။

27. သင်​တို့​သည်​လည်း အ​စ​အ​ဦး​က​ပင် ငါ​နှင့်​အ​တူ​ရှိ​ကြ​သော​ကြောင့် သက်​သေ​ခံ​ကြ​လိမ့်​မည်။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 15