19. နောက်ထပ် ခဏကြာလျှင် ဤလောကသည် ငါ့ကိုမြင်ရတော့မည်မဟုတ်။ သင်တို့မူကား ငါ့ကိုမြင်ကြရလိမ့်မည်။ ငါသည်အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ကြရလိမ့်မည်။
20. ထိုနေ့တွင် ငါ့ခမည်းတော်၌ ငါရှိသည်ကိုလည်းကောင်း၊ သင်တို့သည် ငါ၌ရှိ၍ ငါသည် သင်တို့၌ရှိသည်ကိုလည်းကောင်း သင်တို့သိကြလိမ့်မည်။
21. ငါ၏ပညတ်ချက်များကိုရရှိ၍ ၎င်းတို့ကိုစောင့်ထိန်းသောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူအား ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့ထံ၌ မိမိကိုယ်ကိုထင်ရှားစေမည်”ဟု မိန့်တော်မူ၏။
22. ယုဒဣရှကာရုတ်မဟုတ်သောယုဒက “သခင်ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့ထံ မိမိကိုယ်ကိုထင်ရှားစေရန်ကြံရွယ်တော်မူသော်လည်း လောကီသားတို့ထံ မထင်ရှားစေသည်မှာ မည်သို့နည်း”ဟု မေးလျှောက်၏။