4. ညစာစားပွဲမှထ၍ ဝတ်ရုံတော်ကိုချွတ်ပြီးလျှင် ပဝါကိုယူလျက် မိမိခါး၌စည်းတော်မူ၏။
5. ထို့နောက် ဇလုံ၌ရေထည့်၍ တပည့်တော်တို့၏ခြေကိုဆေးပြီးမှ ခါး၌စည်းထားသောပဝါဖြင့် သုတ်တော်မူ၏။
6. ဤသို့ဖြင့် ရှိမုန်ပေတရုထံရောက်တော်မူသောအခါ ပေတရုက “သခင်ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ခြေကို ဆေးတော်မူမည်လော”ဟု လျှောက်လေ၏။
7. ယေရှုကလည်း “သင်သည် ငါပြုနေသောအရာကို ယခုနားမလည်သော်လည်း နောင်အခါသဘောပေါက်လိမ့်မည်”ဟု ပြန်၍မိန့်တော်မူလျှင်
8. ပေတရုက “အကျွန်ုပ်၏ခြေကို လုံးဝဆေးတော်မမူပါနှင့်”ဟု လျှောက်လေ၏။ ယေရှုကလည်း “သင့်ကိုငါမဆေးရလျှင် သင်သည် ငါနှင့် မည်သည့်ပတ်သက်မှုမျှမရှိ”ဟု ပြန်၍မိန့်တော်မူ၏။