ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 13:19-24 Myanmar Standard Bible (MSB)

19. ထို​အ​ခြင်း​အ​ရာ​ဖြစ်​ပျက်​လာ​သော​အ​ခါ ငါ​သည် ထို​အ​ရှင်​ဖြစ်​ကြောင်း သင်​တို့​ယုံ​ကြည်​ကြ​ရန် ထို​အ​ခြင်း​အ​ရာ​မ​ဖြစ်​ပျက်​မီ ယ​ခု​က​ပင် သင်​တို့​အား ငါ​ပြော​နှင့်​ပြီ။

20. သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ငါ​စေ​လွှတ်​သော​သူ​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို​လက်​ခံ​၏”​ဟု မိန့်​တော်​မူ​၏။

21. ယေ​ရှု​သည် ဤ​အ​ကြောင်း​အ​ရာ​များ​ကို မိန့်​တော်​မူ​ပြီး​သော​အ​ခါ စိတ်​တော်​ပူ​ပန်​လျက် “သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ သင်​တို့​အ​ထဲ​မှ တစ်​ယောက်​သည် ငါ့​ကို​အပ်​နှံ​လိမ့်​မည်”​ဟု သက်​သေ​ခံ​လျက် မိန့်​တော်​မူ​၏။

22. တ​ပည့်​တော်​တို့​သည် မည်​သူ့​ကို​ရည်​ညွှန်း​၍ မိန့်​တော်​မူ​သည်​ကို တွေး​မ​ရ​ဖြစ်​သ​ဖြင့် တစ်​ဦး​ကို​တစ်​ဦး​ကြည့်​နေ​ကြ​၏။

23. တ​ပည့်​တော်​တို့​ထဲ​မှ တစ်​ပါး​ဖြစ်​သည့် ယေ​ရှု​ချစ်​တော်​မူ​သော​သူ​သည် ကိုယ်​တော်​၏​ရင်​ခွင်​တော်​နား​မှာ ထိုင်​လျက်​နေ​သ​ဖြင့်

24. မည်​သူ့​ကို​ရည်​ညွှန်း​၍ မိန့်​တော်​မူ​သည်​ကို​မေး​ရန် ရှိ​မုန်​ပေ​တ​ရု​က ထို​တ​ပည့်​တော်​အား အ​ချက်​ပြ​လေ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 13